A d v e r t i s e m e n t With Us

အာဂျင်တီးနား စစ်တပ်ရေငုပ်သင်္ဘော ပင်လယ်ထဲ ပျောက်ဆုံး

The Argentine military submarine ARA San Juan and crew are seen leaving the port of Buenos Aires, Argentina June 2, 2014. Picture taken on June 2, 2014. Armada Argentina/Handout via REUTERS ATTENTION EDITORS - THIS IMAGE WAS PROVIDED BY A THIRD PARTY.
ဝန်ထမ်း ၄၄ ယောက်ကို တင်ဆောင်ထားတဲ့ အာဂျင်တီးနား စစ်တပ်သုံး ရေငုပ်သင်္ဘော တစီးဟာ နိုဝင်ဘာ ၁၇ ရက်နေ့က ပင်လယ်ပြင်ထဲမှာ ပျောက်ဆုံးခဲ့ပါတယ်။ ရေငုပ်သင်္ဘော ဘယ်ရောက်သွားတယ်ဆိုတာကို ကြီးအကျယ် ရှာနေတယ်၊ ဆက်သွယ်ရေး ပြဿနာ တက်ခဲ့တာဖြစ်မယ်လို့ ရေတပ်ပြောခွင့်ရက ပြောပါတယ်။ ဆက်သွယ်ရေး ပြတ်တောက်တာဟာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ပြဿနာကြောင့် ဖြစ်နိုင်ပြီး ရေငုပ်သင်္ဘောဟာ ဘက်ထရီ အပြည့်တပ်ထားတဲ့ လျှပ်စစ်ပစ္စည်း ဖြစ်လို့ မကြာခဏ အားပြန်ဖြည့်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်က ရေငုပ်သင်္ဘောရဲ့ နောက်ဆုံး တည်နေရာဟာ အာဂျင်တီးနား ပင်လယ်ပြင် တောင်ပိုင်းမှာပါ။ အဆက်အသွယ်ပြတ်ရတဲ့ အကြောင်းရင်းက ဘာလဲဆိုတာ စုံစမ်းစစ်ဆေးနေတယ်လို့ ရေတပ်ပြောခွင့်ရက သတင်းထောက်တွေကို ပြောပါတယ်။ တကယ်လို့ ဆက်သွယ်ရေး ပြဿနာဆိုရင် သင်္ဘောဟာ ရေမျက်နှာပြင်ပေါ်ကို ပြန်လာခဲ့ရမယ်လို့လည်း သူက ပြောပါတယ်။ ရေငုပ်သင်္ဘောပေါ်မှာ ရက်အတော်များများအတွက် စားနပ်ရိက္ခာတွေ ရှိနေတယ်၊ ဆက်သွယ်ရေး ပြသနာ ရှိပေမယ့် သူ့ခရီးကို ဆက်သွားခဲ့ပုံ ရတယ်လို့လည်း ရေတပ် ပြောခွင့်ရက ဆက်ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up