စပါးအသင်း အဓိက ကစားသမား ၃ ဦး ဒဏ်ရာသက်သာ၍ လေ့ကျင့်ခန်း ပြန်ဆင်း

စပါးအသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း၊ အယ်လီနဲ့ ဟယ်ရီဝင့်တို့ဟာ ဒဏ်ရာပြန်လည်သက်သာလာတာကြောင့် လေ့ကျင့်ခန်း ပြန်ဆင်းနေပါတယ်။ တိုက်စစ်ကစားသမား ၃ ဦးဟာ ဒဏ်ရာပြဿနာတွေကြောင့် အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့ကြတာပါ။ လက်ရှိအချိန်မှာတော့ လေ့ကျင့်ခန်း ပြန်ဆင်းနေတဲ့အတွက် အာဆင်နယ်နဲ့ ကစားရမယ့် လန်ဒန်ဒါဘီပွဲစဉ်မှာ ပြန်လည်ပွဲထွက်တော့မယ်လို့ သိရပါတယ်။ စပါးအသင်းမှာ အသင်းခေါင်းဆောင် ဂိုးသမား လိုရစ်လည်း လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်လို့ အာဆင်နယ်နဲ့ပွဲမှာ လူစုံပွဲထွက် ကစားနိုင်မယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းမှာတော့ တိုက်စစ်မှူး ဝဲလ်ဘက် လေ့ကျင့်ခန်းပြန်ဆင်းနေပေမယ့် စပါးနဲ့ပွဲမှာ ပွဲထွက်နိုင်မှာ မဟုတ်သေးဘူးလို့ သိရပါတယ်။ အာဆင်နယ်နဲ့ စပါးတို့ရဲ့ ပွဲစဉ်ကို နိုဝင်ဘာ ၁၈ ရက် ည ၇ နာရီ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

More News
Up