Sunday, May 28, 2023
Homeမွနျမာသတငျးရန်ကုန်မြို့​မှာ ၁၂ နာရီ မီး​လင်း​မယ်လို့​ လျှပ်စစ်အဖွဲ့​က ​ပြော

ရန်ကုန်မြို့​မှာ ၁၂ နာရီ မီး​လင်း​မယ်လို့​ လျှပ်စစ်အဖွဲ့​က ​ပြော

ရန်ကုန်မြို့​တော်မှာ တရက်ကို ၁၂ နာရီ မီး​လင်း​မယ်လို့​ လျှပ်စစ်ဓာတ်အား​ပေး​ရေး​ အဖွဲ့​က ​ပြောကြား​လိုက်ပါတယ်။

ဒီ​နေ့​ ရန်ကုန် အလုံမြို့​နယ်အတွင်း​က လျှပ်စစ်ဓာတ်အား​ပေး​ရေး​ရုံး​မှာ ကျင်း​ပပြုလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ ရန်ကုန်မြို့​တော်လျှပ်စစ် ဓာတ်အား​ပေး​ရေး​အဖွဲ့​က ဥက္ကဋ္ဌ ဦး​အောင်ခိုင်က ​ပြောကြား​လိုက်တာပါ။

ရန်ကုန်မြို့​တော်အတွင်း​က လူ​နေရပ်ကွက်အား​လုံး​ကို ည​နေ ၅ နာရီ မနက် ၅ နာရီအထိ မီး​ပေး​မယ်လို့​ ​ပြော​ကြောင်း​ ရန်ကုန်အ​ခြေစိုက် သတင်း​ထောက် တဦး​က ​ပြောပါတယ်။

“ညပိုင်း​မီး​လင်း​အောင်လို့​ပေါ့​၊​ ပုံမှန်အတိုင်း​ ၂၄ နာရီ​တော့​ မ​ပေး​နိုင်​သေး​ဘူး​ပေါ့​။ သူတို့​ကြိုး​စား​နေတယ်။ ဘယ်အချိန်​ပေး​မယ်ဆိုတာ အတိအကျ မသိ​သေး​ဘူး​။”

ဦး​အောင်ခိုင်က​တော့​ ​သောင်း​ကျန်း​သူ​တွေက လျှပ်စစ်ဓာတ်အား​တိုင်​တွေကို ​ဖောက်ခွဲဖျက်ဆီး​ခဲ့​တယ်။ အဲဒီအတွက် ပြင်ဆင်တဲ့​ အချိန်​တွေကြာမြင့်​ပြီး​တော့​ ရဲရွာနဲ့​ ​လောပိတ ​ရေအား​လျှပ်စစ်​ပေး​ရေး​က​နေ ဓာတ်အား​ယူရတဲ့​အတွက် အခုလို လျှပ်စစ်ဓာတ်အား​တွေ ပုံမှန်မရတာလို့​ ​ပြော​ကြောင်း​ကို သွား​ရောက်သတင်း​ယူခဲ့​တဲ့​ အခြား​သတင်း​ထောက်တဦး​က ​ပြောပါတယ်။

“သူတို့​ ဘာ​ကြောင့်​လျှပ်စစ်​တွေ ပျက်သွား​တယ်ဆိုတာ ဒီဇင်ဘာလတုန်း​က ​သောင်း​ကျန်း​သူ​တွေက လျှပ်စစ်တာဝါတိုင်​တွေကို ဖျက်ဆီး​ခဲ့​တယ်။ အဲဒါ​ကြောင့်​ ပြင်တဲ့​အခါ ရက်​တွေအများ​ကြီး​ ကြာခဲ့​တယ်။ အဲဒီလျှပ်စစ် တာဝါတိုင်​တွေအတွက် လိုအပ်တဲ့​ လျှပ်စစ်ကို ​လောပိတတို့​၊​ ရဲရွာတို့​က ယူရတဲ့​အတွက် ​လောပိတတို့​၊​ ရဲရွာတို့​မှာ ​ရေအား​တွေကုန်သွား​တယ်။ အဲဒီလိုဖြစ်တယ်လို့​ပြောတယ်။”

RELATED ARTICLES
- Advertisment -
Google search engine

Most Popular