ခဏအနားယူပြီး အနုပညာလုပ်ငန်းတွေ ဆက်လုပ်သွားမယ် - ရဲတိုက် (ရုပ်သံ)
DVB
·
November 17, 2017
ပရိသတ်က ၂ နှစ်လောက်နေရင် မေ့သွားလိမ့်မယ် ထင်ခဲ့တယ်လို့ ဒီနေ့ နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းက တောင်ငူထောင်ကနေ ပြန်လွတ်မြောက်လာတဲ့ ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်က ပြောပါတယ်။
သူဟာ ၂၀၁၄ ခု စက်တင်ဘာလက မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ပုဒ်မ ၁၆(ဂ) နဲ့ ထောင်ဒဏ် ၅ နှစ်၊ သာသနာညှိုးနွမ်းစေသောပုဒ်မ ၂၉၅ နဲ့ ၁ နှစ်၊ ၂၉၅-က နဲ့ ထောင်ဒဏ် ၁ နှစ် ပေါင်းထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ကျခံခဲ့ရတာဖြစ်ပြီး ၄ နှစ်ကျော်အကြာမှာ ပြန်လည်လွတ်မြောက်လာတာပါ။
ရဲတိုက်ကတော့ သူ့အနေနဲ့ အချိန်ကာလတခု ဆုံးရှုံးသွားတယ်လို့ မခံစားရဘဲ ဘယ်လိုခြေလှမ်းသွက်သွက်လှမ်းဖို့ကို သင်ယူခဲ့ပြီလို့ ဆိုပါတယ်။
အနုပညာသမားတယောက်အနေနဲ့ ခဏအနားယူပြီး အနုပညာလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်သွားမယ်၊ အရင်နဲ့အခု ဘာတွေပြောင်းလဲသွားလဲ ဆိုတာကို ပရိသတ်က ဆုံးဖြတ်ပေးပါလိမ့်မယ်လို့လည်း ရဲတိုက်က ပြောကြားသွားပါတယ်။