DVB Logo
Home
မြန်မာသတင်း
အောင်ပွဲခံမှုများ​ ရုန်း​ရင်း​ဆန်ခတ်ဖြစ်မှုကို ဦး​တည်​စေဟု ကြံ့​ခိုင်​ရေး​ ​ပြော
DVB
·
April 6, 2012
အောင်ပွဲခံမှုများ​ ရုန်း​ရင်း​ဆန်ခတ်ဖြစ်မှုကို ဦး​တည်​စေဟု ကြံ့​ခိုင်​ရေး​ ​ပြော
1 / 2
Donate to DVB

ရွေး​ကောက်ပွဲအပြီး​ ​အောင်ပွဲခံမှု​တွေဟာ နှစ်ဖက်ပါတီအကြား​ ရုန်း​ရင်း​ ဆန်ခတ်ဖြစ်မှုကို ဦး​တည်​စေတယ်လို့​ ကြံ့​ခိုင်​ရေး​ပါတီ ကိုယ်စား​လှယ်​တွေက ​ပြောကြား​လိုက်ပါတယ်။

ဦး​​အောင်​သိန်း​လင်း​(သတင်း​စာ​ရှင်း​လင်း​ပွဲ​အ​တွင်း​​ ​ပြော​ကြား​​နေ​စဉ်)

ရန်ကုန်မြို့​ အ​နောက်မြင်း​ပြိုင်ကွင်း​လမ်း​မှာရှိတဲ့​ ကြံ့​ခိုင်​ရေး​ပါတီ တိုင်း​ရုံး​မှာပြုလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ ရန်ကုန်တိုင်း​တာဝန်ခံ ဦး​အောင်သိန်း​လင်း​နဲ့​ ​ကော့​မှူး​မြို့​နယ် မဲဆန္ဒနယ်က ဝင်​ရောက် ယှဉ်ပြိုင်သူ ​ဒေါက်တာစိုး​မင်း​တို့​က ​ပြောကြား​လိုက်တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း​အတွင်း​ မြို့​နယ် ၃ ခုက တင်သွင်း​တဲ့​ ​ရွေး​ကောက်ပွဲ ဥပ​ဒေစည်း​ကမ်း​နဲ့​ မညီညွတ်​ကြောင်း​ ကန့်​ကွက်လွှာ ၁၂၃ ​စောင်ကိုလည်း​ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ ​ကော်မရှင်ကို ​ပေး​ပို့​သွား​မယ်လို့​လည်း​ ​ပြောကြား​ခဲ့​ပါတယ်။

ကြား​ဖြတ်​ရွေး​ကောက်ပွဲအတွင်း​ မြို့​နယ် ၆ ခုမှာ စည်း​မျဉ်း​နဲ့​ မကိုက်ညီတာ​တွေ ​ကော်မရှင်ကို တိုင်ကြား​ထား​ပြီလို့​ သတင်း​စာရှင်း​လင်း​ပွဲမှာ ဦး​အောင်သိန်း​လင်း​က ​ပြောဆိုလိုက်ပါတယ်။

“စည်း​မျဉ်း​နဲ့​ မကိုက်ညီ​ကြောင်း​ ​တွေ့​ရှိတာ​တွေကို ကျ​နော်တို့​ဆီကို ပို့​ထား​တာ ရှိပါတယ်။ အဲဒါနဲ့​ပတ်သက်ပြီး​ တချို့​မြို့​နယ်ကလည်း​ မြို့​နယ် ၆ မြို့​နယ်က​နေ ပို့​ထား​တာ​တွေ ကျ​နော်တို့​ဆီမှာ ​ရောက်ပါတယ်။ အဲဒီ​နေ့​မှာပဲ သက်ဆိုင်ရာ ရပ်/​ကျေး​ကော်မရှင်၊​ မြို့​နယ်​ကော်မရှင်​တွေက ဆက်လက် ​ပေး​ပို့​တယ်လို့​ သိရပါတယ်။ ကျ​နော်တို့​ တိုင်း​ပါတီကိုလည်း​ မိတ္တူ​ပေး​ပို့​ထား​တယ်။ ”

ရွေး​ကောက်ပွဲအပြီး​ ခွပ်​ဒေါင်း​ထောက်ခံသူ​တွေရဲ့​ ​အောင်ပွဲခံမှု​တွေနဲ့​ ပတ်သက်ပြီး​ ​ဒေါက်တာစိုး​မင်း​က ခုလို ​ဝေဖန်ပါတယ်။
ဒေါက်​တာ​စိုး​မင်း

“ဘာကိုမှ အတား​အဆီး​ပိတ်ဆို့​မှု လုပ်မထား​ပါဘူး​။ ဒါ​ပေမယ့်​ ကျ​နော်တို့​ တဖြည်း​ဖြည်း​ ရိပ်မိလာတယ်။ အဲဒီမှာရှိတဲ့​လူ​တွေက ကျ​နော်တို့​ရုံး​ရဲ့​ မျက်နှာစာမှာ ရန်စတဲ့​ အ​ပြောအဆို​တွေ၊​ ရန်စတဲ့​ အမူအယာ​တွေ လုပ်လာပါတယ်။ လုပ်တဲ့​အခါမှာ ကျ​နော်တို့​ရုံး​ထဲမှာ ကျ​နော်တို့​ စည်း​မှူး​တွေအကုန်လုံး​က စုစုစည်း​စည်း​နဲ့​ ထိုင်​နေကြပါတယ်။ ဥပမာအား​ဖြင့်​ မူး​သလိုလို၊​ ရူး​သလိုလိုနဲ့​ ခွပ်​ဒေါင်း​အင်္ကျီ ဝတ်လာပြီး​တော့​ အား​လုံး​ကို ​ကျေး​ဇူး​တင်ပါတယ်ဆိုပြီး​ အမူအယာ​တွေနဲ့​ လာလုပ်ပြတာ​တွေ၊​ ကျ​နော်တို့​ ခြံစည်း​ရိုး​ရဲ့​ထိပ်မှာ ခွပ်​ဒေါင်း​အလံကြီး​ လာပြီး​ ​ဝှေ့​ယမ်း​ပြ​နေတာ၊​ ကျ​နော်တို့​ မျက်နှာစာဆိုတာ တပ်ဦး​(​ရှေ့​ပိုင်း​)လို့​ ​ခေါ်တယ်။ တပ်ဦး​မှာ လာပြီး​ အလံယမ်း​ပြ​နေတာလည်း​ ကျ​နော်တို့​ကို စိန်​ခေါ်သလို ဖြစ်ပါတယ်။ အဲဒီမှာ ကျ​နော်တို့​ထဲက မခံချင်လို့​ တက်ပြီး​ ရိုက်ပုတ်ကြရင် ဘယ်သူ့​အဆိုး​လို့​ ​ပြောရမလဲ။”

ပြီး​ခဲ့​တဲ့​ ​ရွေး​ကောက်ပွဲမှာ ၄၅ ​နေရာပြိုင်ခဲ့​တဲ့​အထဲ ကြံ့​ခိုင်​ရေး​ပါတီက တ​နေရာပဲ ရခဲ့​ပါတယ်။

ဒေါက်တာစိုး​မင်း​က သတင်း​စာရှင်း​လင်း​ပွဲ လုပ်ရတဲ့​အ​ကြောင်း​ကို ခုလို​ပြောပါတယ်။

“ကျ​နော်တို့​ဘက်က ပြန်လုပ်ချင်တယ်။ မလုပ်ပါနဲ့​။ ဒါ​တွေက စစ်ပွဲလည်း​ မဟုတ်ဘူး​။ အချိန်တန်ရင် ပြီး​သွား​မှာပါ။ အထက်လူကြီး​က တဘက်က လူ​တွေကို ရန်စတာမျိုး​၊​ စိတ်ဆိုး​အောင် မလုပ်ပါနဲ့​ ​ပြောထား​ပေမယ့်​လည်း​ ​အောက်​ခြေမှာ ထိန်း​ချုပ်မှု မရှိဘူး​။ သူ့​ဘာသူ ​မောင်း​သွား​တဲ့​ကား​၊​ လူအပြည့်​တင်တယ်။ ကျ​နော်တို့​ ရုံး​ရှေ့​ကျမှ ရပ်ပြီး​တော့​ ရုံး​ဘက်လှည့်​ပြီး​တော့​ စတယ်။ ရုံး​ဆိုတာ ကျ​နော်တို့​ရဲ့​ ဒီတနယ်လုံး​ရဲ့​ နိုင်ငံ​တော်အလံ ​ထောင်ထား​တဲ့​ရုံး​ ဖြစ်ပါတယ်။ အဲဒါ​တွေအတွက် ရှင်း​လင်း​ပွဲ လုပ်တာပါ။”

ကြံ့​ခိုင်​ရေး​ပါတီဟာ အရင် နအဖအစိုး​ရအဖွဲ့​ဝင် အငြိမ်း​စား​ တပ်မ​တော် ဗိုလ်ချုပ် အများ​စုက ​ခေါင်း​ဆောင် ဖွဲ့​စည်း​ထား​တဲ့​ ပါတီဖြစ်တယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013