ထောင်ထဲ ၄၆ နှစ်နီးပါး နေခဲ့ရသည့် အမျိုးသားတဦးကို ပြစ်ဒဏ်ပယ်ဖျက်ပြီး ပြန်လွှတ်

ဓာတ်ပုံ- ရိုက်တာ
အမေရိကန်နိုင်ငံမှာ တရားသူကြီးက ပြစ်ဒဏ်ကို ပယ်ဖျက်ပေးခဲ့လို့ ထောင်ထဲ ၄၆ နှစ်နီးပါး နေခဲ့ရတဲ့ အမျိုးသားတဦး နိုဝင်ဘာ ၁၅ ရက်နေ့က ထောင်ကနေ ပြန်လွတ်လာပါတယ်။ လက်ရှိ အသက် ၆၅ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဝီလ်ဘတ် ဂျုံးစ်ဟာ ခရစ်ယာန် သီလရှင်တပါးကို ပြန်ပေးဆွဲ အဓမ္မပြုကျင့်မှုနဲ့ အဖမ်းခံရအပြီး ထောင်ဒဏ်တသက်တကျွန်း စီရင်ခံခဲ့ရတာပါ။ တရားသူကြီးက အမှုမခိုင်လုံဘူးလို့ ပြန်ပြောင်းဆုံးဖြတ်အပြီး လူဝီစီယားနားပြည်နယ်သား ဂျုံးစ်ကို လွှတ်ပေးလိုက်တာလို့ အန်ဘီစီရုပ်သံက ကြေညာပါတယ်။ "ကျနော်မလုပ်ခဲ့တဲ့ကိစ္စ တချို့အတွက် ကျနော့်ဘဝတခုလုံးနီးပါး ကျေနာ့်ဆီက ယူသွားတာ ခံလိုက်ရတယ်။ ဒါပေမယ့် ဘဝကို ခံစားတယ်၊ ဘုရားကို ကောင်းချီးပေးပါတယ်" လို့ ဂျုံးစ်က ပြောပါတယ်။ သူက ဆက်ပြီး "ကျနော့်ကိုချစ်တဲ့၊ ချစ်ကြောင်းပြတဲ့၊ သွန်သင်တဲ့ မိသားစုရှိလို့ မစိုးရိမ်ဘူး။ ကျေနာ့်ခြေလှမ်းတိုင်းမှာ ကျေန်ာနဲ့အတူ ဘုရားရှိတယ်" လို့ ပြောပါတယ်။ ၂၀၀၃ ခုနှစ်မှာ ဂျုံးစ်ရဲ့အမှုကို ပြန်လည်စစ်ဆေးခဲ့ရာ သီလရှင် တိုက်ခိုက်ခံရအပြီး သီတင်းပတ် လေးပတ်အတွင်း ကွင်းဆက် မုဒိမ်းသမားက တိကျတဲ့ရာဇဝတ်မှုတခုကို ကျူးလွန်ခဲ့ကြောင်း တွေ့ခဲ့လို့ ဂျုံးစ်ကို ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

More News
Up