Home
မြန်မာသတင်း
ရခိုင်မြောက်ပိုင်းတွင် အခြေခံပညာကျောင်းပေါင်း ၃၀၀ ခန့်ပြန်မဖွင့်လှစ်နိုင်သေး
DVB
·
November 16, 2017
  မောင်တော၊ ဘူးသီးတောင်နဲ့  ရသေ့တောင်မြို့နယ်အတွင်း အကြမ်းဖက်မှုတွေကြောင့် ပိတ်ထားရတဲ့ စာသင်ကျောင်းတွေထဲက  ၁၂၆ ကျောင်း ပြန်ဖွင့်နိုင်ခဲ့ပြီး  ၂၉၈ ကျောင်း ပြန်ဖွင့်လှစ်ဖို့ ကျန်နေသေးတယ်လို့ အစိုးရက သတင်းထုတ်ပြန်ချက် အရသိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်ကတည်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် တွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက  အခြေခံပညာ အထက်တန်း၊ အလယ်တန်းနဲ့ မူလတန်းကျောင်း စုစုပေါင်း ၄၂၄ ကျောင်းကို ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။ မောင်တောမြို့နယ်မှာ ပိတ်ထားရတဲ့ ကျောင်း ၁၈၃ ကျောင်းအနက် ၄၁ ကျောင်း၊ ဘူးသီးတောင်မြို့နယ်မှာ ပိတ်ထားရတဲ့ ကျောင်း ၂၂၁ ကျောင်းအနက် ၇၅ ကျောင်းနဲ့  ရသေ့တောင်မြို့နယ်မှာ ပိတ်ထားရတဲ့ ကျောင်း ၂၀ အနက် ၁၀ ကျောင်းကို ခုအခါ ပြန်ဖွင့်နိုင်ခဲ့လို့  ကျောင်းသား ကျောင်းသူတွေ  ပြန်လည် ပညာသင်ကြားနေပြီလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024