A d v e r t i s e m e n t With Us

မြန်မာပို့​စ် ဂလိုဘယ်ဂျာနယ် အချပ်ပို ဖြန့်​ခွင့်​ ၂ ပတ်ပိတ်ခံရ

ရန်ကုန်အ​ခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ်တစ်​စောင် ဖြစ်တဲ့​ မြန်မာပို့​စ် ဂလိုဘယ်ဂျာနယ်ရဲ့​ ​နောက် ဆက်တွဲအချပ်ပိုကို နှစ်ပတ် ပိတ်ပင်ခံရတယ်လို့​ ရန်ကုန်အ​ခြေစိုက် သတင်း​သမား​တွေက ​ပြောကြပါတယ်။ စာ​ပေစိစစ် ​ရေး​ရုံမတင်တာ​တွေ များ​တဲ့​အတွက် မြန်မာပို့​စ် ဂလိုဘယ်လ် ဂျာနယ် ​နောက်ဆက်တွဲ တင်ပြခွင့်​ ၂ ပတ် ပိတ်ပင်ခံရတာလို့​ ဂျာနယ် တာဝန်ရှိသူတဦး​က ​ပြောပါတယ်။ “အဓိက​တော့​ ကျ​နော်တို့​ ရုံး​မတင်တာ​တွေများ​တယ်။ တချို့​ဟာ​တွေကျ​တော့​ ရုံး​မတင်ဘဲ ထည့်​လို့​ရတာ​တွေထည့်​တယ်။ အရမ်း​များ​လာ​တော့​ သူတို့​အ​နေနဲ့​ ဥပ​ဒေကလည်း​ ရှိတာကို၊​ ၆၂ အက်ကလည်း​ မရုတ်ရ​သေး​တော့​ အဲဒီအက်နဲ့​ လုပ်လိုက်တာ​ပေါ့​။” ​နောက်ဆက်တွဲ တင်ပြခွင့်​ ပိတ်ပင်လိုက်ခြင်း​တဲ့​အတွက် ​နောက်ဆုံး​ရ သတင်း​တွေကို ​ဖော်ပြနိုင်ခြင်း​ မရှိ​တော့​တဲ့​ဘဲ လူစိတ်ဝင်း​စား​မှုနည်း​စေပြီး​ ​ဈေး​ကွက်ထဲမှာ အရှုံး​ပေါ်​အောင်လုပ်တဲ့​ ဒဏ်ခတ်နည်း​ဖြစ်တယ်လို့​ သတင်း​သမား​တွေက ​ပြောကြပါတယ်။ စာ​ပေစိစစ်​ရေး​ရဲ့​ စည်း​ကမ်း​ဖောက်ဖျက်တဲ့​အတွက် အခုလို အပြစ်​ပေး​တာလို့​လည်း​ မြန်မာပို့​စ် ဂလိုဘယ်ဂျာနယ်က တာဝန်ရှိသူကပဲ အခုလို ဆက်​ပြောပါတယ်။ “သင်္ကြန်ပြီး​တော့​မှ ၂ ပတ်ပါ၊​ သင်္ကြန်ပြီး​ရင်​တော့​ ထွက်မယ့်​အချိန်မှာ​တော့​ ၂ ပတ်​ပေါ့​။ စာ​ပေစိစစ်​ရေး​ ဘက်ကလည်း​ အတတ်နိုင်ဆုံး​ လုပ်​ပေး​ပါတယ်။ ကျ​နော်တို့​လည်း​ ဥပ​ဒေချိုး​ဖောက်တာများ​လို့​၊​ ကျ​နော်တို့​က သူတို့​စည်း​ကမ်း​တွေ မလိုက်နာတာများ​လို့​ နည်း​နည်း​လေး​ ကိုယ့်​အသိစိတ်ဓာတ်နဲ့​ ကိုယ်လုပ်ပါဆိုတဲ့​ ပုံစံ​လေး​ပေါ့​။” အပတ်စဉ်ထုတ် ဂျာနယ်​တွေက​တော့​ စာ​ပေစိစစ်​ရေး​ကို စာ​စောင်ပုံမနှိပ်ခင် တင်ပြရပြီး​ ခွင့်​ပြုချက်ရမှာ ပုံနှိပ်ဖြန့်​ဝေရတာပါ။ သတင်း​သမား​အများ​စုက​တော့​ စာ​ပေစိစစ်​ရေး​မတင်ရတဲ့​ စာနယ်ဇင်း​ဥပ​ဒေကို ​မျှော်လင့်​နေကြတယ်လို့​ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up