Home
မြန်မာသတင်း
လွှတ်တော်အနီးဒရုန်းပျံသန်းမှုကြောင့် ထောင်ဒဏ်ကျခံ သတင်းထောက်များကို ရုံးထုတ်စစ်ဆေး
အောင်ကိုကိုလတ် (နေပြည်တော်)
·
November 16, 2017
23561837_506147503093211_3802892407861309090_n
23559936_506147679759860_1223664855752447011_n
23519303_506147406426554_783063366617571516_n
23517898_506147606426534_5158918220181832177_n
23517569_506147773093184_7786148125888293399_n
  လွှတ်တော်အဆောက်အအုံအနီး ဒရုန်းလွှတ်တင်ခဲ့တဲ့ သတင်းထောက် ၃ ဦးနဲ့ ယာဉ်မောင်း ၁ ဦးတို့ကို ဒီကနေ့မနက်က နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ အဲ့ဒီ ၄ ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့က မြို့နယ်တရားရုံးက လေကြောင်း အက်ဥပဒေ ပုဒ်မ ၁၀ နဲ့ ထောင်ဒဏ် ၂ လ စီချမှတ်ခဲ့ပါတယ်။ ဒီကနေ့ ရုံးထုတ်စစ်ဆေးမှုကတော့ ဒရုန်းပျံသန်းမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရစဉ်က စွဲဆိုထားတဲ့ သွင်းကုန်ပို့ကုန် ဥပဒေ ပုဒ်မ ၈ ကို တရားရင်ဆိုင်ရတာဖြစ်ပါတယ်။ တူရကီအခြေစိုက် TRT သတင်းဌာနမှ သတင်းထောက် ကိုအောင်နိုင်စိုး၊ စင်ကာပူ နိုင်ငံသားသတင်းထောက် ၁ ဦး၊ မလေးရှားနိုင်ငံသူ သတင်းထောက် ၁ ဦးနဲ့ ယာဉ်မောင်းတဦး တို့ကို အောက်တိုဘာ ၂၇ ရက်က လွှတ်တော်အနီး ဒရုန်းပျံသန်းမှုနဲ့ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024