မန္တလေးမြို့မှာ မိုးသီးများပါအောင် မိုးသည်းထန်စွာရွာသွန်း
DVB
·
April 6, 2012

အထက်မြန်မာနိုင်ငံ မန္တလေးမြို့မှာ ဒေသစံတော်ချိန် ညနေ ၃ နာရီလောက်က မိုးသည်း ထန်စွာရွာသွန်းပြီးတော့ မိုးသီးများပင် ရွာချတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
မိုးသီးတွေဟာ ပဲလှော်စေ့လောက်ကနေ မက်မန်းသီးလောက်အထိ ကြီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလိုမျိုး မိုးသီးကြီးကြီးတွေ ရွာတာဟာ အရင်က မကြုံဖူးဘူးလို့ အသက် ၄၅ နှစ် မန္တလေးသားတဦးက ဒီဗွီဘီကို ပြောပါတယ်။ မိုးသီးတွေ ကြွေကျတဲ့အတွက် သားငှက် တိရိစ္ဆာန်နဲ့ သီးနှံတွေ ပျက်စီးနိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ အလားတူ ရုတ်တရက် မိုးသီးကြွေကျမှု ဖြစ်ပွားခဲ့ပါသေးတယ်။
- ပြီးခဲ့တဲ့ရက်ပိုင်းက တောင်ကြီးမြို့မှာ မိုးသီးကြွေကျစဉ် (photo-facebook)