A d v e r t i s e m e n t With Us

သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခံရသည့် မြောက်ကိုရီးယားစစ်သား အခြေအနေ တည်ငြိမ်လာ

ဓာတ်ပုံ - ရိုက်တာ
သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခံခဲ့ရပြီး တောင်ကိုရီးယားဘက်ကို ထွက်ပြေးလွတ်မြောက်သွားတဲ့ မြောက်ကိုရီးယားစစ်သားရဲ့ အခြေအနေဟာ တည်ငြိမ်လာပြီဖြစ်တယ်လို့ သူ့ကိုကုသပေးနေတဲ့ ဆရာဝန်က နိုဝင်ဘာ ၁၅ ရက်မှာ ပြောကြားပါတယ်။ မြောက်ကိုရီးယားစစ်သားဟာ တောင်ကိုရီးယားဘက်ကို နှစ်နိုင်ငံကြားမှာရှိတဲ့ စစ်မဲ့ဇုန်ကနေ ကားနဲ့ ထွက်ပြေးလာတာပါ။ မြောက်ကိုရီးယားဘက်က သူ့ကို သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားတဲ့ အဲဒီ မြောက်ကိုရီးယားစစ်သားကို နိုဝင်ဘာ ၁၃ ရက်မှာ ရဟတ်ယာဉ်နဲ့ အာဂျိုးတက္ကသိုလ်ဆေးရုံကို တင်ပြီး ခွဲစိတ်ကုသခဲ့ရပါတယ်။ သူ့ကို ဒုတိယအကြိမ် ခွဲစိတ်အပြီးမှာ အခြေအနေ တည်ငြိမ်လာတာဖြစ်ပါတယ်။ “သူ့အခြေအနေ တော်တော်ကောင်းလာပါပြီ။ အရေးကြီးတဲ့ လက္ခဏာတွေဖြစ်တဲ့ နှလုံးခုန်နှုန်းက အတော်မြန်ေ်နတုန်းပါ။ ပုံမှန်စံနှုန်းအရကြည့်ရင်တော့ သူ့အခြေအနေ တိုးတက်လာပါတယ်။ ဆီးပမာဏ၊ သွေးခုန်နှုန်းတွေအရ တိုးတက်လာပါတယ်” လို့ မြောက်ကိုရီးယားစစ်သားရဲ့ ခွဲစိတ်ကြီးကြပ်သူ ခွဲစိတ်ဆရာဝန် လီရိုဂိချောင်က ပြောပါတယ်။ မြောက်ကိုရီးယားစစ်သားဟာ သတိမေ့မြောနေဆဲဖြစ်ပေမယ့် အသက်ရှင်နိုင်မယ်လို့ မျှော်လင့်မိကြောင်း အဲဒီဆရာဝန်က ဆက်ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up