Home
စိုက်ပျိုးရေး/တောင်သူလယ်သမား
ကယား​ပြည်သူများ​ လယ်ယာသိမ်း​ခံရမှုပြဿနာ အဆိုး​ဆုံး​ ခံစား​နေရ
နော်နိုရင်း
·
April 6, 2012
ကယား​ပြည်နယ်ကလူထုဟာ လယ်သိမ်း​ယာသိမ်း​မှု​တွေ ခံစား​ရပြီး​ အသိမ်း​ခံရတဲ့​ မိမိ​မြေယာ​ပေါ်မှာ အခ​ကြေး​ငွေ​ပေး​ လုပ်ကိုင်​နေရတဲ့​ ပြဿနာဟာ အဆိုး​ရွား​ဆုံး​ ဖြစ်​နေတယ်လို့​ ကယား​ပြည်နယ်ကို ​ရောက်ရှိ​နေတဲ့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင် ကိုမြ​အေး​က ​ပြောပါတယ်။ ၈၈ မျိုး​ဆက်​ကျောင်း​သား​ ကိုမြ​အေး​နဲ့​ ကိုပြုံး​ချိုတို့​အဖွဲ့​ဟာ ‘ငြိမ်း​ချမ်း​ရေး​နဲ့​ ပွင့်​လင်း​ လူ့​အဖွဲ့​အစည်း​’ အစီအစဉ်အရ ငြိမ်း​ချမ်း​ရေး​အတွက် ရည်ရွယ်ပြီး​ ကယား​ပြည်နယ်က လူထု အဖွဲ့​အစည်း​တွေကို လိုက်လံ ​တွေ့​ဆုံတာ ဖြစ်ပါတယ်။ ဒီလို လုထုအ​ခြေပြုအဖွဲ့​နဲ့​ ​တွေ့​ဆုံစဉ် လယ်ယာသိမ်း​မှု ပြဿနာကို ​ဒေသခံ​တွေ တင်ပြတာ ဖြစ်တယ်လို့​ ကိုမြအး​က ​ပြောပါတယ်။ “ဒီ​ဒေသမှာ ​နေထိုင်​နေတဲ့​သူ​တွေက အင်မတန်မှ ရိုး​သား​တဲ့​တိုင်း​ရင်း​သား​ ညီအကို​မောင်နှမ​တွေ ​နေထိုင်တဲ့​ဒေသ​တွေ ဖြစ်တယ်။ အထူး​သဖြင့်​ ကျ​နော်ဒီဘက်ကို ဆင်း​လာတဲ့​အခါမှာ ​အောင်ပန်း​က​နေ ဖယ်ခုံ၊​ ဖယ်ခုံက​နေ မိုး​ဗြဲ၊​ မိုး​ဗြဲက​နေ လွိုင်​ကော်ကို ​ရောက်လာတဲ့​အချိန်မှာ အများ​ဆုံး​ကြား​ရတဲ့​ ထိခိုက် နစ်နာမှု​တွေက ဘာလဲဆိုရင် တိုင်း​ရင်း​သား​ ညီအကို​မောင်နှမ​တွေ ပိုင်တဲ့​မြေ​တွေကို အတင်း​အဓမ္မ သိမ်း​ပိုက်တဲ့​ကိစ္စပဲ၊​ အဲဒီမှာ ဖယ်ခုံမှာဆိုရင် ရွာ ၃ ရွာမှာရှိတဲ့​ ယာ​မြေ​တွေ၊​ ဘိုး​ဘွား​ပိုင်​မြေ​တွေကို စစ်တပ်ကသိမ်း​တယ်။ သိမ်း​ပြီး​တော့​ အဲဒီ​မြေကို အဲဒီမှာ လုပ်တဲ့​သူ​တွေကို တလဘယ်​လောက်ဆိုပြီး​ ပြန်ငှား​စား​တယ်။ တလ ၃၀၀၀၊​ ၅၀၀၀ အဲဒီလိုယူတယ်။ အခုကျ​တော့​ ​ဈေး​တက်တယ်ဆိုပြီး​ ပဲစဉ်း​ငုံ ၂ အိတ်ဆိုပြီး​ ​တောင်း​တော့​ လယ်ယာသမား​တွေက ဘယ်လိုမှ လုပ်ကိုင် စား​သောက်နိုင်တဲ့​ အ​ခြေအ​နေမရှိဘူး​။ ဆိုလိုချင်တာက လယ်ယာ​မြေသိမ်း​တဲ့​ကိစ္စ၊​ ​မြေသိမ်း​တဲ့​ ကိစ္စ​တွေ လွိုင်​ကော်မှာဆိုရင် ဘိလပ်​မြေ စက်ရုံ​ဆောက်မယ့်​ကိစ္စနဲ့​ ပတ်သက်ပြီး​ ဧက​ပေါင်း​များ​စွာ သိမ်း​ဆည်း​ခံရမယ်ဆိုပြီး​ ကျ​နော်တို့​ ကြား​နေရတယ်။ ဒါ​တွေက​တော့​ ယာ​မြေသိမ်း​ခံရမယ်ဆိုတဲ့​ ကိစ္စဖြစ်စဉ်​တွေပါ။” ဒါ့​အပြင် သူတို့​သွား​ရာလမ်း​မှာ ကယား​တိုင်း​ရင်း​သား​တွေအ​နေနဲ့​ လွတ်လပ်ချင်တယ်ဆိုတဲ့​ ဆိုင်း​ဘုတ်​တွေနဲ့​ ကြိုဆိုခဲ့​ကြတယ်လို့​ သိရပါတယ်။ အမှန် တကယ်လည်း​ ကယား​တိုင်း​ရင်း​သား​တွေဟာ မိမိရဲ့​ ဘာသာစကား​၊​ ယဉ်​ကျေး​မှုနဲ့​ ကိုး​ကွယ်တဲ့​ဘာသာတရား​ အ​ပေါ်မှာ ခွဲခြား​ဆက်ဆံခံ​နေရတာကို ​တွေ့​မြင်ခဲ့​ရ​ကြောင်း​လည်း​ ကိုမြ​အေး​က ​ပြောပါတယ်။ သူတို့​အ​နေနဲ့​ ကယား​ပြည်နယ်က လယ်​မြေသိမ်း​ခံရမှုနဲ့​ လူမျိုး​ဘာသာ ခွဲခြား​ဆက်ဆံ ခံရမှု​တွေကို အတတ်နိုင် ဆုံး​ကူညီ​ဆောင်ရွက်​ပေး​သွား​မယ်လို့​လည်း​ ​ပြောပါတယ်။ “ကျ​နော်တို့​ ကိုယ်စွမ်း​ဥာဏ်စွမ်း​ ရှိသ​လောက် ​ဆောင်ရွက်​ပေး​သွား​မယ်။ သမ္မတ ဦး​သိန်း​စိန်တို့​အစိုး​ရက ​နောက်ပြန်မလှည့်​ဘူး​ဆိုတဲ့​ ကိစ္စ​တွေလည်း​ ​ပြော​နေတယ်။ ဘာပဲ​ပြော​ပြော ကျ​နော်တို့​ တိုင်း​ရင်း​သား​ ညီအကို​မောင်နှမ​တွေ အ​ပေါ်မှာ ပြည့်​ပြည့်​ဝဝ သ​ဘောထား​ကြီး​ကြီး​နဲ့​ လုပ်​ပေး​စေချင်တယ်။ ယာသိမ်း​ ​မြေသိမ်း​ ကိစ္စရပ်​တွေကို ပြန်စဉ်း​စား​ကြည့်​မယ်ဆိုရင် အဓိပ္ပာယ်လည်း​မရှိပါဘူး​။ ပြီး​တော့​ အဲဒီ ယာ​တွေ၊​ ​မြေ​တွေကို နဂိုမူလပိုင်ရှင်​တွေကိုပဲ တလဘယ်​လောက်နဲ့​ ငှား​စား​တယ်ဆိုတာလည်း​ အဓိပ္ပာယ်သိပ်မရှိပါဘူး​။ ကိုယ့်​မြေကိုယ့်​ယာမှာ ကိုယ်လုပ်ပြီး​တော့​ ပြန်ပြီး​လစာ​ပေး​ရတယ်။ ၁ လကို ပဲစဉ်း​ငုံ ၂ အိတ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာ၊​ အဲဒါ​တွေကို​တော့​ အတတ်နိုင်ဆုံး​ အ​ရေး​ဆိုသွား​မှာ ဖြစ်တယ်။ ” ကိုမြ​အေး​နဲ့​အဖွဲ့​က ဧပြီ ၅ ရက်​နေ့​က ကယား​ပြည်နယ်ကို ​ရောက်ရှိတာဖြစ်ပြီး​ ကယား​ပြည်နယ်က အဖွဲ့​အစည်း​တွေ၊​ ​ကျောင်း​သား​လူငယ်​တွေနဲ့​ ​တွေဆုံပြီး​ လူထု​ဟော​ပြောပွဲလည်း​ ပြုလုပ်ခဲ့​ပါတယ်။ ဒီမနက်မှာလည်း​ လွိုင်​ကော် အကျဉ်း​ထောင်ကိုသွား​ပြီး​ နိုင်ငံ​ရေး​ အကျဉ်း​သား​ ကိုမြင့်​အေး​နဲ့​ ကိုရဲထိုက်ကို အစား​အ​သောက်နဲ့​ အသုံး​ဆောင်​တွေ ​ပေး​ပို့​ခဲ့​သလို ည​နေပိုင်း​မှာလည်း​ အစိုး​ရနဲ့​ ငြိမ်း​ချမ်း​ရေး​ယူထား​တဲ့​ ကယန်း​ပြည်သစ်ပါတီ၊​ ကရင်နီလူမျိုး​ပေါင်း​စုံ လွတ်​မြောက်​ရေး​တပ်ဦး​နဲ့​လည်း​ ​တွေ့​ဆုံဖို့​ ရှိ​နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024