Home
မြန်မာသတင်း
အမေရိကန်-မြန်မာနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲသတင်းစာရှင်းလင်း
DVB
·
November 15, 2017
23473000_783076651892632_131868090338061082_n
  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့  အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်တို့ ဒီကနေ့ မွန်းလွဲပိုင်းက နေပြည်တော်မှာတွေ့ဆုံပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပပါတယ်။ တွေ့ဆုံစဉ်နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ အမေရိကန်က မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီတွေ ပေးအပ်ရေးတို့ဆွေးနွေးခဲ့ကြတယ်လို့  မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲအပြီး နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ပူးတွဲသတင်းစာ ရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်ဟာ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံပြီး ရခိုင်ပြည်နယ် အရေးတွေ့ဆုံ ဆွေးနွေးပါတယ်။ ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အများလက်ခံယုံကြည်ရတဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက မြန်မာကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံ- MOFA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024