A d v e r t i s e m e n t With Us

ဂျနီဗာတွင်ပြုလုပ်သည့် လေလံပွဲတွင် ပြင်သစ်တော်ဝင်စိန်ကို ဒေါ်လာ ၁၅ သန်းနီးပါးဖြင့် ရောင်းချ

ဓာတ်ပုံ - ရိုက်တာ
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ နိုဝင်ဘာ ၁၄ ရက်နေ့က ပြုလုပ်တဲ့ ခရစ္စတီးစ် (Christies) နိုင်ငံတကာ လက်ဝတ်ရတနာ လေလံပွဲတခုမှာ ပြင်သစ်တော်ဝင်စိန်ကို  ဒေါ်လာ ၁၅ သန်းနီးပါးနဲ့ ရောင်းချခဲ့ပါတယ်။ အဲဒီလေလံပွဲမှာ ပြင်သစ်တော်ဝင်မျိုးနွယ် ပိုင်ဆိုင်ခဲ့တဲ့ "Le Grand Mazarin" လို့ အမည်ရတဲ့ ၁၉ ကာရက်ရှိ ပန်းရောင်စိန်ပွင့်ကို အမေရိကန်ဒ်ါလာ ၁၅ သန်းနီးပါးနဲ့ ရောင်းချခဲ့ပါတယ်။ အဲဒီစိန်ပွင့်ဟာ နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းရှိပြီး တော်ဝင်ရတနာတပါး ဖြစ်ပါတယ်။ ခရစ္စတီးစ်လေလံပွဲ ဥက္ကဋ္ဌက “မနေ့ကနဲ့ ဒီနေ့ နှစ်ရက်အတွင်း ဒေါ်လာ ၁၁၈ သန်းကျော်ဖိုး ရောင်းချခဲ့ရပါတယ်။ De Grisogono စိန်ကို တကာရက် ဒေါ်လာ နှစ်သိန်းကျော်ဈေးနဲ့ ဒေါ်လာ ၃၃၅ သိန်းနဲ့ ရောင်းချခဲ့ပါတယ်။ ဒါဟာ ကမ္ဘာမှာ ဈေးအကြီးဆုံးဖြစ်ပြီး Le Grand Mazarin စိန်ကို ဒေါ်လာ ၁၅ သန်းနီးပါးနဲ့ ရောင်းချခဲ့ပါတယ်။ ဒါဟာ သမိုင်းဝင် စံချိန်တင် ရောင်းချတဲ့ဈေးပါ” လို့ ပြောပါတယ်။ နောက်ရောင်းချခဲ့တာတခုကတော့ "Creation 1" လို့ အမည်ပေးထားတဲ့ ၁၆၃ ကာရက်ရှိ စိန်လည်ဆွဲဖြစ်ပြီး အဲဒီိစိန်လည်ဆွဲကိုတော့ အမေရိကန်ဒေါ်လာ ၃၃ သန်းခွဲနဲ့ ရောင်းချခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up