Home
မြန်မာသတင်း
ဖူးကက်တွင် မြန်မာအလုပ်သမားစီးနင်းသည့်ကား တိမ်းမှောက်၊ ၁ ဦးသေဆုံး ၉ ဦး ဒဏ်ရာရ
DVB
·
November 15, 2017
  ထိုင်းတောင်ပိုင်း ဖူးကက်ခရိုင် ဖူးကစ်မြို့နယ်ထဲမှာ ဒီကနေ့မနက်က မြန်မာအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ဟိုင်းလပ်ကားတစီး လမ်းမှာ မတော်တဆ တိမ်းမှောက်ပြီး  ၁ ဦးသေဆုံး ၉ ဦး ဒဏ်ရာရသွားတယ်လို့ ချယ်နယ် ၈ ထိုင်းရုပ်သံသတင်းမှာ ဖော်ပြပါတယ်။ ဒီကနေ့မနက် ၈ နာရီခွဲလောက်က ဖူးကစ်မြို့ ရဒ်ဆဒါးရပ်ကွက် ချလိုမ်ဖရကစ်လာကောက် လမ်းမကြီးပေါ်မှာ ယာဉ်မတော်တဆထိခိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးကြည့် ရှုရာမှာ  လမ်းဘေးမှာ ပြန့်ကျဲနေတဲ့ ဒဏ်ရာရသူတွေတွေ့ ရှိရပြီး အနီးမှာလည်း ဘေးတိုက် အနေ အထားနဲ့ တိမ်းမှောက်နေတဲ့ အနက်ရောင် ဖို့ဒ်အမျိုးအစား ဟိုင်းလပ်ကားတစ်စီးကို တွေ့ရ တယ်လို့ ဖူးကစ်မြို့မရဲစခန်းရဲအုပ် ဘန်းချားကေ့နွန်က သတင်းထောက်တွေကို ပြောပါတယ်။ ဒဏ်ရာရသူများကို စစ်ဆေးရာမှာ ခေါင်းကွဲပြီးဦးနှောက်တွေ အပြင်ထွက်လာတဲ့ အမျိုးသား တဦး (ဒဏ်ရာအပြင်းထန်ဆုံး)နဲ့  အခြားဒဏ်ရာရသူ ၉ ဦးကို တွေ့ရပြီး ဖူးကစ်ဝချီရဆေးရုံကို အမြန်ဆုံးပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ခေါင်းကွဲသူမှာ အသက် ၃၂ နှစ်ရွယ်ရှိ နိုင်အွန့်ဆိုသူ မြန်မာအလုပ်သမားဖြစ်ပြီး မကြာခင် မှာဘဲ သေဆုံးသွားကြောင်း၊ ဒဏ်ရာရသူတွေထဲမှာ ထိုင်းလူမျိုး ၂ ဦး (ယာဉ်မောင်းတဦး) နဲ့ မြန်မာဆောက်လုပ်ရေးအလုပ်သမား ၇ ဦးတို့ပါဝင်တယ်လို့  ရဲအုပ်က ပြောပါတယ်။ အဆိုပါ ဟိုင်းလပ်ကားဟာ ဖူးကစ်ရှိ နာမည်ကြီး ဆောက်လုပ်ရေးကုမ္ပဏီက ကားတစီးဖြစ်ကြောင်း၊ အဲဒီကားဟာ ကော်ကယောက်ရပ်ကွက်ကနေ ထွက်ခွာလာပြီး ၀ိချစ်ရက်ကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ အလုပ်သမားတွေကို ပို့ဆောင်ပေးဖို့ဖြစ်ကြောင်း၊ အလုပ်သမားတွေ အလုပ်ဝင်ချိန်နောက်ကျမှာစိုးတဲ့အတွက် ကားသမားက အရှိန်မြှင့်မောင်းနှင်စဉ် စက်ပျက်ကာ တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။ လောလောဆယ် ယာဉ်မောင်းဖြစ်သူ နိုင်းနစ်ထွန်းကျန် (အသက် ၂၁ နှစ်)မှာ ဒဏ်ရာတွေနဲ့မို့ ယာဉ်မတော်တဆဖြစ်ရခြင်း အသေးစိပ်ကိုတော့ မေးမြန်းလို့ မရသေးဘူးလို့ ဖူးကစ်ရဲစခန်း ရဲအုပ်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024