A d v e r t i s e m e n t With Us

ကေအန်ယူနဲ့​အစိုး​ရ ဆီဒိုး​နား​မှာ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​နေ

ဦး​​ေအာင်​မင်း​နှင့်​​ မူတူးစေး​ဖိုး
ကေအန်ယူ ကရင်အမျိုး​သား​အစည်း​အရုံး​ဟာ အပစ်အခတ်ရပ်စဲ​ရေး​နဲ့​ ပတ်သက်တဲ့​ ဒုတိယအကြိမ် ​ဆွေး​နွေး​ပွဲကို ရန်ကုန်မြို့​ ဆီဒိုး​နား​ဟိုတယ်မှာ ဒီက​နေ့​ ဆက်လက် ပြုလုပ်​နေပါတယ်။ [caption id="attachment_23838" align="alignleft" width="300" caption="ဦးအောင်မင်းနှင့် မူတူးစေးဖိုး​"][/caption] အဖွဲ့​ဝင် ၂၁ ဦး​ပါ ​ကေအန်ယူ ငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်အဖွဲ့​ဟာ ဧပြီ ၄ ရက်​နေ့​က ကရင်ပြည်နယ် ဘား​အံမြို့​မှာ အစိုး​ရကိုယ်စား​လှယ်​တွေနဲ့​ ​တွေ့​ဆုံ ​ဆွေး​နွေး​ခဲ့​ပေမယ့်​ မပြီး​ပြတ်​သေး​တဲ့​အတွက် ရန်ကုန်မှာ ဆက်လက် ​ဆွေး​နွေး​နေကြတာပါ။ ​ကေအန်ယူအဖွဲ့​မှာ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​န်ာစီဖိုး​ရာစိန်နဲ့​ စစ်ဦး​စီး​ချုပ် ဗိုလ်ချုပ်ကြီး​ မူတူး​စေး​ဖိုး​တို့​ ​ခေါင်း​ဆောင် ပါဝင်ပြီး​ အစိုး​ရငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်အဖွဲ့​မှာ မီး​ရထား​ဝန်ကြီး​ ဦး​အောင်မင်း​က ဦး​ဆောင်ပါတယ်။ ဒီ​ဆွေး​နွေး​ပွဲမှာ နှစ်ဖက်တပ်​တွေအကြား​ အပစ်အခတ်ရပ်စဲ​ရေး​အ​သေး​စိတ် အစီအစဉ်​တွေနဲ့​ တနိုင်ငံလုံး​ အပစ်အခတ်ရပ်စဲ​ရေး​ကအစ ​ဒေသခံပြည်သူ​တွေရဲ့​ လူ့​အခွင့်​အ​ရေး​ ကာကွယ်​ပေး​ဖို့​ ကိစ္စ​တွေအဆုံး​ အ​ကြောင်း​အရာ ၅ ခု​လောက်ကို ကျယ်ကျယ်ပြန့်​ပြန့်​ သ​ဘောတူညီချက်​တွေရဖို့​ ​ဆွေး​နွေး​နေကြတာပါ။ ယ​နေ့​ ​နေလည် ၁ နာရီခွဲ​လောက်ထိ ဆက်လက် ​ဆွေး​နွေး​နေဆဲဖြစ်ပြီး​ ​ဆွေး​နွေး​ပွဲရလဒ်နဲ့​ ပတ်သက်ပြီး​ ည​နေပိုင်း​လောက်မှာ နှစ်ဖက် သတင်း​ထုတ်ပြန်မယ်လို့​ ​ကေအန်ယူအဖွဲ့​ရဲ့​ ငြိမ်း​ချမ်း​ရေး​ ခရီး​စဉ် ​ပြော​ရေး​ ဆိုခွင့်​ရှိသူ ပဒိုကွယ်ထူး​ဝင်း​က ဆီဒိုး​နား​ဟိုတယ်က​နေ ဒီဗွီဘီကို တယ်လီဖုန်း​နဲ့​ ​ပြောကြား​ပါတယ်။ နှစ်​ပေါင်း​ ၆၀ ​ကျော်ကြာ မြန်မာအစိုး​ရကို လက်နက်စွဲကိုင်တိုက်ခိုက်ခဲ့​တဲ့​ ​ကေအန်ယူနဲ့​ အစိုး​ရအကြား​ ပြီး​ခဲ့​တဲ့​ ဇန်နဝါရီလဆန်း​ပိုင်း​က ပထမအကြိမ် ​တွေ့​ဆုံရာမှာ အပစ်အခတ်ရပ်ထား​ဖို့​ နှစ်ဖက် ပဏာမသ ​ဘောတူညီခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up