DVB Logo
Home
မြန်မာသတင်း
အရက်ကို သွင်း​ကုန်ခွန် ၂၀၀ ရာခိုင်နှုန်း​က​နေ ၅၀ ရာခိုင်နှုန်း​ထိ ​လျော့​ကောက်
DVB
·
April 6, 2012
Donate to DVB

ဘဏ္ဍာ​ရေး​နှင့်​အခွန်ဝန်ကြီး​ဌာနက အရက်နဲ့​ ​လောင်စာဆီလို ကုန်ပစ္စည်း​တွေ အပါအဝင် ကုန်သွယ်လုပ်ငန်း​ခွန် ​တော်​တော်များ​များ​ကို ​လျော့​ပေါ့​ပေး​လိုက်ပါတယ်။

ဘဏ္ဍာ​ရေး​နှင့်​ အခွန်ဝန်ကြီး​ဌာနက သတ်မှတ်တဲ့​ ၂၀၁၂-၂၀၁၃ ဘဏ္ဍာ​ရေး​နှစ်အတွက် ​ကောက်ခံရမယ့်​ နှုန်း​ထား​တွေကို မတ်လကုန်ပိုင်း​မှာ ထုတ်ပြန်ခဲ့​ပါတယ်။ အရင်လို ဇယား​ ၆ မျိုး​ မဟုတ်​တော့​ဘဲ တမျိုး​က အခွန် ၅ ရာခိုင်နှုန်း​ပဲ ​ကောက်ခံတဲ့​ကုန်စည်​တွေဖြစ်ပြီး​ ကျန်ဇယား​တမျိုး​က​တော့​ အထူး​ကုန်စည်များ​ အမည်နဲ့​ ​ကောက်ခံတာ ဖြစ်ပါတယ်။ အ​ခြေခံစား​သောက်ကုန် အမျိုး​ ၇၀ ကို​တော့​ မ​ကောက်ခံပါဘူး​။

ဧပြီ ၁ ရက်​နေ့​က စတင်​ကောက်ခံတဲ့​ သွင်း​ကုန်ခွန်နှုန်း​ထား​ဇယား​တွေမှာ အထူး​ကုန်စည် ၁၈ မျိုး​ထဲမှာပါတဲ့​ ​လေယာဉ်ဆီ၊​ ဓာတ်ဆီနဲ့​ ဒီဇယ်​တွေရဲ့​ သွင်း​ကုန်ခွန်ကို ​လျော့​ပေါ့​ပေး​ခဲ့​ပါတယ်။ ဓာတ်ဆီက ၁၇၀ ရာခိုင်နှုန်း​က​နေ ၁၀ ရာခိုင်နှုန်း​ကို ​လျော့​ကောက်တယ်။ ဒီဇယ်က ၉၀ ရာခိုင်နှုန်း​က​နေ ၁၀ ရာခိုင်နှုန်း​၊​ ဂျက်​လေယာဉ်ဆီက ၇၅ ရာခိုင်နှုန်း​က​နေ ၁၀ ရာခိုင်နှုန်း​ကို အသီး​သီး​ ​လျော့​ကောက်ပါတယ်။ ဓာတ်ဆီ၊​ ဒီဇယ်ဆီနဲ့​ ​လေယာဉ်ဆီ​တွေရဲ့​ သွင်း​ကုန်ခွန်​တွေ ​လျော့​ကျ​ပေမယ့်​ ဒီ​နေ့​ထိ​တော့​ ဓာတ်ဆီ​ဈေး​၊​ ဒီဇယ်​ဈေး​တွေ ​လျော့​ကျမှု မရှိပါဘူး​လို့​ ယာဉ်​မောင်း​သမား​တွေက ​ပြောပါတယ်။

သဘာဝဓာတ်​ငွေ့​က အရင်က ၀ ရာခိုင်နှုန်း​က​နေ ၈ ရာခိုင်နှုန်း​ကို တိုး​ကောက်တယ်။

စီး​ကရက်က သွင်း​ကုန်ခွန် ၇၅ ရာခိုင်နှုန်း​က​နေ ၁၀၀ ရာခိုင်နှုန်း​ ထိတိုး​ကောက်တယ်။

ဆေး​ရွက်ကြီး​က ၂၀ ရာခိုင်နှုန်း​ က​နေ ၅၀ ရာခိုင်နှုန်း​ထိ၊​ ဗာဂျီး​နီး​ယား​ ​ပေါင်း​တင်​ဆေး​က ၀ ရာခိုင်နှုန်း​က​နေ ၅၀ ရာခိုင်နှုန်း​ထိ တိုး​ကောက်တယ်။ ​ဆေး​ပေါ့​လိပ်က ၁၀ ရာခိုင်နှုန်း​က​နေ ၅၀ ရာခိုင်နှုန်း​ထိ၊​ ​ဆေး​ပြင်း​လိပ်နဲ့​ ​ဆေး​တံက ၂၀ ရာခိုင်နှုန်း​က​နေ ၅၀ ရာခိုင်နှုန်း​ထိ၊​ ​ဆေး​တံ​သောက်​ဆေး​က ၂၅ ရာခိုင်နှုန်း​က​နေ ၅၀ ရာခိုင်နှုန်း​ထိ၊​ ကွမ်း​စား​ဆေး​က ၂၅ ရာခိုင်နှုန်း​က​နေ ၅၀ ရာခိုင်နှုန်း​ထိ၊​ အရက်က ၅၀ ရာခိုင်နှုန်း​က​နေ ၂၀၀ ရာခိုင်နှုန်း​အထိ ​ကောက်ခံရာက ၅၀ ရာခိုင်နှုန်း​ကို တ​ပြေး​ညီ ​လျော့​ကောက်ပါတယ်။

ဘဏ္ဍာအခွန်ဝန်ကြီး​ဌာနရဲ့​ အရက်သွင်း​ကုန်ခွန်​လျော့​ကျမှုဟာ ယစ်မျိုး​ ​ပေါ်လစီနဲ့​ မကိုက်ညီဘဲ ဖြစ်​နေပါတယ်လို့​ ဦဟန်ထွန်း​ (ဘဏ္ဍာအခွန်)က ​ထောက်ပြပါတယ်။

“မူလက ယစ်မျိုး​ပေါ်လစီဆိုတာရှိတယ်။ ယစ်မျိုး​ပေါ်လစီက မက်ဆီမန်ရီဗီး​နယူး​၊​ အခွန်အများ​ဆုံး​ ဖြစ်ရမယ်။ အနည်း​ဆုံး​သောက်သုံး​မှု ဖြစ်ရမယ်။ ​သောက်သုံး​မှုနည်း​ပြီး​ အခွန်များ​ရမယ်။ အခု ​ပြောင်း​ပြန်ဖြစ်​နေတယ်။ မြန်မာနိုင်ငံမှာ အရက်ဘီယာဆိုင်က ရတဲ့​အထဲက နှုန်း​ကို​လျော့​လိုက်တယ်။ ​ဆေး​လိပ်က​တော့​ ၇၅ ရာခိုင်နှုန်း​က​နေ ၁၀၀ ဆို​တော့​ ​ဆေး​လိပ်​သောက်သုံး​မှု ဟန့်​တား​ရေး​အ​နေနဲ့​ ​ပြောလို့​ရတယ်။ အရက်အမျိုး​မျိုး​က ၅၀ ရာခိုင်နှုန်း​က​နေ ၂၀၀ ရာခိုင်နှုန်း​ကို ​ကောက်​နေရာက​နေ ၅၀ ရာခိုင်နှုန်း​ တ​ပြေး​ညီဆို​တော့​ အရက် များ​များ​သောက်ပါဆိုတဲ့​ သ​ဘော​ပေါ့​။”

ကျွန်း​သစ်လုံး​နဲ့​ ကျွန်း​ခွဲသား​များ​က ၂၅ ရာခိုင်နှုန်း​က​နေ ၅၀ ရာခိုင်နှုန်း​ကို တိုး​ကောက်တယ်။ သစ်မာသစ်လုံး​နဲ့​ သစ်မာခွဲသား​က ၂၀ ရာခိုင်နှုန်း​က​နေ ၅၀ ရာခိုင်နှုန်း​ကို တိုး​ကောက်တယ်။

ကျောက်စိမ်း​နဲ့​ တခြား​အဖိုး​တန်​ကျောက်များ​က နဂိုမူလအတိုင်း​ ၃၀ ရာခိုင်နှုန်း​ အတိုး​အ​လျော့​မရှိ ​ကောက်တယ်။

လူစီး​ဇိမ်ခံကား​က ၂၅ ရာခိုင်နှုန်း​အတိုင်း​ အ​ပြောင်း​အလဲမရှိ ​ကောက်တယ်။ ပြည်သူလူထု အ​ခြေခံစား​သောက်ကုန်အမျိုး​ ၇၀ ကို​တော့​ အရင်အတိုင်း​ပဲ မ​ကောက်ခံ မစည်း​ကျပ်ဘူး​။

ဓာတ်ခဲ၊​ အထည်အလိပ်စတဲ့​ ကုန်စည်အမျိုး​ပေါင်း​ ၂၆၀ ကို​တော့​ အခွန် ၅ ရာခိုင်နှုန်း​ကောက်ယူပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013