Home
မြန်မာသတင်း
ဂျီတီအိုင်ကျောင်းဆင်းများကို ယာဉ်မောင်းအလုပ်ခေါ်သည့်ကိစ္စကန့်ကွက်
DVB
·
November 14, 2017
GTI
23472741_865908926923219_7420029394483037678_n
  ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက ဂျီတီအိုင်ကျောင်းဆင်းတွေကို  ယာဉ်မောင်း အလုပ်ခေါ်တာနဲ့ပတ်သက်လို့   ဂျီတီအိုင် ကျောင်းသားဟောင်းများအသင်းက ကန့်ကွက်ပြီး ဖြေရှင်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ကုန်းလမ်းပို့ဆောင်ရေးဌာနက လစာ ၁ သိန်းခွဲနှုန်းနဲ့ ယာဉ်မောင်း ၄ ရာထူးအတွက် အလုပ်ခေါ်စာကို ၁၁ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြခဲ့တာပါ။ လိုအပ်ချက်အနေနဲ့ တက္ကသိုလ်တခုခုက ဘွဲ့ ဒါမှမဟုတ် AGTI (MP/MT/EC/EC) ဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။ ပြီးတော့ ယာဉ်မောင်းလိုင်စင်သက်တမ်း ၃ နှစ်ရှိဖို့ လိုပေမယ့် ပညာအရည်အချင်းအရ လိုင်စင်ကို လျှော့ပေါ့စဉ်းစားမယ်လို့လည်း ဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဂျီတီအိုင် ကျောင်းသားဟောင်းများအသင်း ဒု ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးက “တဖက်ကလည်း ပညာရေးရဲ့ Pride (ဂုဏ်သိက္ခာ) ပေါ့။ ကျနော်တို့ ဂျီတီအိုင်က ယာဉ်မောင်းဖို့ သင်ထားတဲ့ ပညာရပ် မဟုတ်ဘူး။ နောင်မှာ ဂျီတီအိုင်ကျောင်းဆင်းရင် ယာဉ်မောင်း လုပ်လို့ရတယ်လို့ ထင်သွားမှာစိုးလို့ အခုလို ကန့်ကွက်တာပါ” လို့ ပြောပါတယ်။ နိုင်ငံတော်ရဲ့ ပညာရေး ရည်ရွယ်ချက်နဲ့လည်း မကိုက်ညီတာကြောင့် အဲဒီကြေညာချက်နဲ့ ပတ်သက်ပြီး အမြန်ဆုံး ပြန်ဖြေရှင်းဖို့လည်း သူတို့က တောင်းဆိုထားပါတယ်။ “အလုပ်ခေါ်တဲ့ သူဟာ သူတို့ သတ်မှတ်ချက်နဲ့ ပညာအရည်အချင်းနဲ့ ခေါ်ခွင့်ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုကြောင့် ဂျီတီအိုင်အဆင့်ကို ခေါ်ရတယ်ဆိုရင်တော့ ကောင်းတာပေါ့” လို့ ဦးကျော်ကျော်စိုးက ပြောပါတယ်။ လတ်တလောမှာတော့ ကြေညာချက်ကိုအသင်းရဲ့ ဖေ့စ်ဘုတ်ကနေ ကြေညာထားပြီး တုံ့ပြန်ချက်ကို စောင့်ကြည့်နေကာ ထူးခြားမှုမရှိရင် ပညာရေးဝန်ကြီးဌာနဲ့ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနကို ဆက်ပြီး တင်ပြသွားဖို့ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024