A d v e r t i s e m e n t With Us

မြန်မာအ​ပေါ် ပိတ်ဆို့​ထား​မှု ရုပ်သိမ်း​ရန် အာဆီယံ​ကြေညာ

မြန်မာကို ပိတ်ဆို့​ အ​ရေး​ယူထား​တာ​တွေ ချက်ချင်း​ရုပ်သိမ်း​ပေး​ဖို့​ အာဆီယံက ဒီ​နေ့​မှာပဲ ​ကြေညာချက်ထုတ်ပြီး​ ​တောင်း​ဆိုလိုက်ပါတယ်။ က​မ္ဘောဒီး​ယား​နိုင်ငံမှာ ကျင်း​ပ​နေတဲ့​ အကြိမ် ၂၀ ​မြောက် အာဆီယံထိပ်သီး​ စည်း​ဝေး​က​နေ အခုလို ​တောင်း​ဆိုလိုက်တာပါ။ ဒီတကြိမ်ကျင်း​ပတဲ့​ အာဆီယံထိပ်သီး​စည်း​ဝေး​ပွဲမှာ မြန်မာ့​ရွေး​ကောက်ပွဲ ​အောင်မြင်တဲ့​အ​ကြောင်း​ ​ဆွေး​နွေး​ခဲ့​ကြပြီး​၊​ အာဆီယံနိုင်ငံတချို့​နဲ့​ တရုတ်နိုင်ငံတို့​ အကြား​ အငြင်း​ပွား​နေတဲ့​ ​တောင်တရုတ်ပင်လယ်အ​ရေး​ စတာ​တွေ အဓိကထား​ ​ဆွေး​နွေး​ခဲ့​ကြပါတယ်။ အာဆီယံ ထိပ်သီး​စည်း​ဝေး​ပွဲ တက်​ရောက်ပြီး​ သတင်း​ရယူ​နေတဲ့​ ပြည်တွင်း​ဂျာနယ်သတင်း​ထောက်တဦး​ကို ကို​ရွှေ​အောင်က ဆက်သွယ်​မေး​ကြည့်​ထား​ပါတယ်။ အာဆီယံ ထိပ်သီး​စည်း​ဝေး​ပွဲမှာ ထူး​ထူး​ခြား​ခြား​ မြန်မာနဲ့​ ပတ်သက်လို့​ ဘာ​တွေ ​ဆွေး​နွေး​ခဲ့​တယ်ဆိုတာ သိပါရ​စေခင်ဗျ။ “လက်ရှိ က​မ္ဘောဒီး​ယား​ ဝန်ကြီး​ချုပ်​ပြောသွား​တာက ​ရွေး​ကောက်ပွဲက လွတ်လပ်မျှတတယ်။ အဲဒီအတွက် အရမ်း​ကိုကြိုဆိုပါတယ်။ ဒီ​နေ့​ပဲ ​ကြေညာချက် ထုတ်လိုက်တယ်။ အာဆီယံအ​နေနဲ့​ ဗမာပြည်​ပေါ် ချထား​တဲ့​ ပိတ်ဆို့​မှု​တွေကို ချက်ချင်း​ရုတ်သိမ်း​ပေး​ဖို့​ဆိုပြီး​ ဒီ​နေ့​ပဲ ​ကြေညာချက်ထုတ်လိုက်တယ်။ ဒီ​နေ့​ ကျ​နော်တို့​ အာဆီယံအတွင်း​ရေး​မှူး​ချုပ်နဲ့​ (ဆူရင်)နဲ့​တွေ့​တော့​ လက်ရှိ အစည်း​အ​ဝေး​ရဲ့​ အ​ရေး​ကြီး​ဆုံး​ ရလာဒ်က မြန်မာပြည်ကိစ္စလို့​ သူက​တော့​ ​ပြောသွား​တယ်။” အ​ရေး​အကြီး​ဆုံး​ကိစ္စက မြန်မာပြည်ကိစ္စဆိုတာက မြန်မာပြည်ရဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲကို အာဆီယံအ​နေနဲ့​ ​ထောက်ခံလိုက်တယ်။ ပြီး​တော့​ ကျ​နော်တို့​ မြန်မာကို ပိတ်ဆို့​ထား​တာ​တွေ ပယ်ဖျက်​ပေး​ဖို့​၊​ အာဆီယံအ​နေနဲ့​ တရား​ဝင်စာထုတ်ပြီး​ ​ကြေညာချက်ထုတ်တယ်။ အဲဒါကို ဆိုလိုတာလား​။ “သူတို့​အတွက် အ​ရေး​ကြီး​ဆုံး​ရလာဒ်က ဟုတ်တာ​ပေါ့​။ မြန်မာပြည်နဲ့​ ပတ်သက်ပြီး​ အဓိက​ပြောချင်တာက အဲဒီ ၂ ခုရှိတာ​ပေါ့​။” ပြီး​သွား​တဲ့​ အာဆီယံထိပ်သီး​မှာ မြန်မာ့​အ​ရေး​အပြင် အခြား​ဘယ်လို အ​ကြောင်း​အရာ​တွေက လွှမ်း​မိုး​ခဲ့​တယ်လို့​ ​ပြောလို့​ရမလဲ။ ​ဆွေး​နွေး​တဲ့​အထဲမှာ။ “အဓိက အ​ရေး​အကြီး​ဆုံး​က ​တောင်တရုတ်ပင်လယ်ကိစ္စပဲ။ အဲဒါက အဓိက အ​ရေး​အကြီး​ဆုံး​ပဲ၊​ ​တော်​တော်များ​များ​ သတင်း​ထောက်​တွေက အဓိကထား​ ​မေး​နေတာ ​တွေ့​ရတယ်။ ဗမာကိစ္စအပြင်​ပေါ့​။” အဲဒါ ဘယ်လိုအ​ဖြေရလဲခင်ဗျ။ “အဓိက အ​ဖြေ​တော့​ ထုံး​စံအတိုင်း​ပဲ သိပ်ကွဲကွဲပြား​ပြား​ ထွက်မလာဘူး​။ အ​ခြေခံ စည်း​မျဉ်း​ဆွဲမယ်၊​ အဲဒီအခါမှာ ဖိလစ်ပိုင်က တမျိုး​ဖြစ်​နေတယ်။ တခြား​နိုင်ငံ​တွေဆွဲတာ တမျိုး​ဖြစ်​နေတယ်။ အဲဒီလို​တော့​ အငြင်း​ပွား​ဖွယ်ရာရှိတယ်။” မြန်မာအဖွဲ့​က သတင်း​ထောက်​တွေနဲ့​ သီး​ခြား​တွေ့​ဆုံပြီး​ သတင်း​စာ ရှင်း​လင်း​တာ​တွေ ဘာ​တွေလုပ်တာ​တွေ့​ရလား​။ “သပ်သပ်စီရှင်း​လင်း​ပွဲ လုပ်သွား​တာ​တော့​ မရှိဘူး​။” ကျ​နော်မ​မေး​ဘဲ တခြား​ထူး​ထူး​ခြား​ခြား​ ​ပြောစရာရှိရင် ​ပြော​ပေး​ပါဦး​။ “အာဆီယံလူထုဖိုရမ်၊​ အာဆီယံ အရပ်ဘက်အဖွဲ့​အစည်း​ ဖိုရမ်ဆိုတာမျိုး​ ၂ ခု ကွဲသွား​တယ်။ ဘာလို့​လဲဆို​တော့​ အစိုး​ရက သူတို့​ကို သပ်သပ်​အော်ဂနိုက်လုပ်တယ်၊​ ပြီး​ရင် အာဆီယံ ​ဒေသတွင်း​ကလူ​တွေ တကယ့်​ကို အရပ်ဖက်အဖွဲ့​အစည်း​တွေ တိုက်ရိုက် အမြဲတမ်း​ အစဉ်တစိုက်လုပ်လာတဲ့​ လူ​တွေ၊​ ​အော်ဂနိုက် လုပ်တာကိုကျ​တော့​ သူတို့​က အသိအမှတ် မပြုဘူး​ဆိုတဲ့​ သ​ဘောမျိုး​ လုပ်သွား​တာ​တွေ့​ရတယ်။ ဆိုလိုရင်း​က အဲဒါ ၂ ခုကွဲသွား​တယ်။ အစိုး​ရက ပံ့​ပိုး​ပြီး​ ​နောက်ခံထား​တဲ့​တခုရယ်၊​ တကယ့်​ကို လူထုအ​ခြေပြု လူမှုအဖွဲ့​အစည်း​တွေ အရပ်ဘက် အဖွဲ့​အစည်း​တွေ လုပ်တဲ့​ပုံစံမျိုး​ တခုရယ်၊​ ၂ ခုကွဲသွား​တာ ​တွေ့​ရတယ်။ လက်ရှိအဆိုး​ဆုံး​ ပြဿနာက လယ်ယာ​မြေသိမ်း​တဲ့​ကိစ္စ က​မ္ဘောဒီယား​မှာ လက်ရှိဖြစ်​နေတာ​ပေါ့​။ ဒါ​ပေမယ့်​ အဲဒီအစိုး​ရက ဘာ​တွေ့​ရလဲဆို​တော့​ ပထမတရက် လူထုအ​ခြေပြု အဖွဲ့​အစည်း​တွေက လုပ်တယ်။ ​နောက်တရက်ကျ​တော့​ လယ်ယာ​မြေသိမ်း​တဲ့​ ကိစ္စနဲ့​ပတ်သက်ပြီး​တော့​ ဝပ်​ရှော့​ (အလုပ်ရုံ ​ဆွေး​နွေး​ပွဲ) ၃ ခု​လောက်ကို ဖျက်ပြစ်လိုက်တာကို ​တွေ့​ရတယ်။ ဖျက်တယ်ဆိုတာ တိုက်ရိုက် ဖျက်တာမဟုတ်ဘူး​။ ဟိုတယ်က ဒီဟာနဲ့​ပတ်သက်ပြီး​ ​ဆွေး​နွေး​ဖို့​ လက်မခံဘူး​ပေါ့​။ ​ရွှေ့​ခိုင်း​တာ​တွေ့​ရတယ်။ ပြီး​တော့​ ​နောက်တခု ဗမာအ​ကြောင်း​ဆွေး​နွေး​ပွဲ လုပ်ဖို့​ဆိုတာ ​ရွှေ့​ခိုင်း​တာ ​တွေ့​ရတယ်။ အဓိက​တော့​ ၂၀၁၄ ကျရင် ဗမာပြည် အာဆီယံ လုပ်တဲ့​အလှည့်​ကျရင် တကယ့်​ကို လူထုအ​ခြေပြုတဲ့​ အာဆီယံ ကွန်မြူနတီ ဖြစ်​အောင်ဘယ်လို သွား​ကြမလဲဆိုတဲ့​ ​ခေါင်း​စဉ်နဲ့​ သူတို့​လုပ်တာ စီစဉ်တာ ​တွေ့​ရတယ်။ ဒါ​ပေမယ့်​ သူတို့​မလုပ်လိုက်ရဘူး​။”

A d v e r t i s e m e n t With Us

More News
Up