A d v e r t i s e m e n t With Us

မြစ်ဆုံနဲ့​ ပတ်သက်တဲ့​စာ မဟုတ်မမှန် လုပ်ကြံမှုဟုဆို

မြစ်ဆုံ​ရေအား​လျှပ်စစ်စီမံကိန်း​ ပြန်စတင်ဖို့​ လူ ၅၀၀ ကို ဝင်ခွင့်​ပေး​ဖို့​နဲ့​ လိုအပ်တဲ့​ယန္တရား​ ပစ္စည်း​တွေ ခွင့်​ပြုဖို့​ တရုတ်ကုမ္ပဏီတာဝန်ရှိသူက ကချင်ပြည်နယ် ဝန်ကြီး​ချုပ်ထံ လိပ်မူ​ရေး​ သား​တယ်ဆိုတဲ့​ အင်တာနက်​တွေ​ပေါ်မှာ ပျံ့​နှံ့​တဲ့​စာဟာ မဟုတ်မမှန် လုပ်ကြံချက်ဖြစ်တယ်လို့​ ကချင်ပြည်နယ်အစိုး​ရအဖွဲ့​ရုံး​က တုံ့​ပြန်လိုက်ပါတယ်။ အဲဒီစာမှာ CPI ကုမ္ပဏီလက်​အောက်ခံ ထိန်ချုံး​-မြစ်ကြီး​နား​လမ်း​ ဆက်ဆံ​ရေး​ရုံး​ တာဝန်ခံက မြစ်ဆုံစီမံကိန်း​ပြန်စဖို့​အတွက် လုပ်ငန်း​တာဝန်ခံ၊​ လမ်း​အင်ဂျင်နီယာနဲ့​ အလုပ်သမား​ စုစု​ပေါင်း​အ​ယောက် ၅၀၀ ကို ယာယီ​နေထိုင်ခွင့်​ ကဒ်ပြား​များ​ ထုတ်​ပေး​ဖို့​၊​ ဒီဇယ်ဆီ တန် ၁၀၀၀၊​ ဓာတ်ဆီ တန် ၂၀၀၊​ ဘိလပ်​မြေ တန် ၁၀၀၀၀၊​ ​မြေတူး​စက် ၅ စီး​၊​ ​မြေ​ကော်စက် ၆ စီး​၊​ လူစီး​မော် ​တော်ကား​ အစီး​ ၂၀ နဲ့​ တခြား​ လူသုံး​ကုန်ပစ္စည်း​တွေ သယ်ယူခွင့်​ပြုပါရန် ကချင်ပြည်နယ် ဝန်ကြီး​ချုပ်ထံ ​တောင်း​ဆို​ကြောင်း​ ​ရေး​သား​ထား​ပါတယ်။ ဒီစာနဲ့​ပတ်သက်လို့​ ကချင်ပြည်နယ်အစိုး​ရရုံး​ တာဝန်ရှိသူတဦး​ကို ဒီဗွီဘီက ဆက်သွယ် ​မေး​မြန်း​ ရာမှာ မဟုတ်မမှန် လုပ်ကြံတာသာ ဖြစ်တယ်လို့​ ​ဖြေပါတယ်။

A d v e r t i s e m e n t With Us

More News
Up