DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်လွတ်​မြောက်​ရေး​ပါတီနဲ့​ အစိုး​ရတို့​ ပြည်နယ်အဆင့်​ သ​ဘောတူလက်မှတ်ထိုး
DVB
·
April 5, 2012
ရခိုင်ပြည်လွတ်​မြောက်​ရေး​ပါတီနဲ့​ အစိုး​ရတို့​ ပြည်နယ်အဆင့်​ သ​ဘောတူလက်မှတ်ထိုး
Donate to DVB

ရခိုင်ပြည်လွတ်​မြောက်​ရေး​ပါတီ (ALP)နဲ့​ အစိုး​ရတို့​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​နေကြရာမှာ ဒီ​နေ့​မှာ​တော့​ အပစ်အခတ်ရပ်စဲ​ရေး​အပါအဝင် ပြည်နယ်အဆင့်​ သ​ဘောတူညီချက် ငါး​ချက်ကို နှစ်ဘက် သ​ဘောတူ လက်မှတ်​ရေး​ထိုး​လိုက်ကြပါတယ်။

ရခိုင်ပြည်နယ် စစ်​တွေမြို့​မှာ ပြုလုပ်တဲ့​ ပထမအကြိမ်​ဆွေး​နွေး​ပွဲမှာ အခုလို လက်မှတ်​ရေး​ထိုး​လိုက်တာ ဖြစ်တယ်လို့​ ရခိုင်ပြည်လွတ်​မြောက်​ရေး​ပါတီ တွဲဖက်အ​ထွေ​ထွေ အတွင်း​ ​ရေး​မှူး​ ဦး​ခိုင်သုခက အခုလို​ပြောပါတယ်။

“ပဏာမ သ​ဘောတူညီချက်ပါ။ ရခိုင်ပြည်နယ် အစိုး​ရနဲ့​ ရခိုင်လွတ်​မြောက်​ရေး​ပါတီ ငြိမ်း​ချမ်း​ရေး​တည်​ဆောက်ရန်အတွက် ပဏာမ သ​ဘောတူညီချက်ဆိုတာ လက်မှတ်​ရေး​ထိုး​တာပါ၊​ အချက် ၅ ချက်ပါ’လို့​ပြောပါတယ်။

ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​မယ့်​နေ့​နဲ့​ ​နေရာကို​တော့​ မသတ်မှတ်ရ ​သေး​ဘူး​လို့​ ​ပြောပါတယ်။

ဒီ​နေ့​ ပြည်နယ်အဆင့်​ဆွေး​နွေး​ပွဲကို ရခိုင်ပြည်လွတ်​မြောက်​ရေး​ပါတီဘက်က ဒု-ဥက္ကဋ္ဌ ဦး​ခိုင်စိုး​နိုင်​အောင် ဦး​ဆောင်တက်​ရောက်ပြီး​ အစိုး​ရဘက်က ပြည်နယ်ဝန်ကြီး​ချုပ် ဦး​လှ​မောင် တင်ဦး​ဆောင် တက်​ရောက်ခဲ့​ကြပါတယ်။

နှစ်ဖက်သ​ဘောတူညီချက်ကို​တော့​ ရခိုင်ပါတီဘက်က အ​ထွေ​ထွေ အတွင်း​ရေး​မှူး​နဲ့​ အစိုး​ရဘက်က ပြည်နယ်လုံခြုံ​ရေး​ရာ ဝန်ကြီး​တို့​က လက်မှတ် ​ရေး​ထိုး​ခဲ့​ကြတာပါ။

ပြည်နယ် အဆင့်​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲကို ဧပြီ ၄ နဲ့​ ၅ တို့​မှာ နှစ်ရက်တာ ​ဆွေး​နွေး​ခဲ့​ကြတာလည်း​ ဖြစ်ပါတယ်။

အေအယ်လ်ပီဟာ ၁၉၇၀ ပြည့်​နှစ်​တွေ ကတည်း​က ​ပေါ်​ပေါက်လာတဲ့​ပါတီ၊​ လက်နက်ကိုင်တိုက်လာတဲ့​ ပါတီဖြစ်ပြီး​ ရခိုင်လူငယ်​တွေအ​ပေါ် ဩဇာကြီး​တဲ့​ ပါတီတခုဖြစ်ပါတယ်။

သ​ဘောတူညီချက် (၅)ချက်

(၁)က​တော့​ တပ်မ​တော်နဲ့​ ရခိုင်လွတ်​မြောက်​ရေး​ပါတီတို့​သည် ၂၀၁၂ ဧပြီလ ၆ ရက်​နေ့​မှစ၍ အပြန်အလှန် ပစ်ခတ်မှုများ​ကို ရပ်ဆိုင်း​ထား​ရန်၊

(၂) ၂ ဦး​ ၂ ဖက် အပြန်အလှန် ​ပြောဆိုဆက်ဆံ ​ဆွေး​နွေး​ပွဲများ​ ပြုလုပ်နိုင်ရန် ၂ ဖက်သ​ဘောတူညီကြ​သော ​အောက်​ဖော်ပြပါ​နေရာများ​တွင် ရခိုင်ပြည် လွတ်​မြောက်​ရေး​ပါတီက ဆက်ဆံ​ရေး​ရုံး​များ​ ဖွင့်​လှစ်ရန်၊​ ၁။ ပလက်ဝ၊​ ၂။ ​ကျောက်​တော်၊

(၃) ပစ်ခတ်တိုက်ခိုက်မှုများ​ကို ရပ်ဆိုင်း​ထား​စဉ် ကာလအတွင်း​ ၂ ဘက်သ​ဘောတူ​သော ​နေရာများ​မှအပ နယ်​မြေ​ကျော်လွန်၍ လက်နက်ကိုင်​ဆောင် သွား​လာလှုပ်ရှား​မှုများ​ကို ၂ ဦး​ ၂ဘက် ကြိုတင်ညှိနှိုင်း​ပြီး​မှ ​ဆောင်ရွက်ရန်၊

(၄) ရခိုင်ပြည်နယ် လွတ်​မြောက်​ရေး​ပါတီ အဖွဲ့​များ​အ​နေဖြင့်​ မြန်မာပြည်တပြည်လုံး​သို့​ လွတ်လပ်စွာ ခရီး​သွား​လာခွင့်​ပြုရန်၊

(၅) ပြည်​ထောင်စု အစိုး​ရက ဖွဲ့​စည်း​သည့်​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ရေး​အဖွဲ့​နှင့်​ ရခိုင်ပြည် လွတ်​မြောက်​ရေး​ပါတီမှ အဖွဲ့​၏ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ရေး​အဖွဲ့​များ​သည်၊​ ၂ ဦး​ ၂ ဘက် သ​ဘော တူညီ​သော ​နေရာ၊​ သ​ဘောတူညီ​သော အချိန်ကာလတွင် ရခိုင်​ဒေသတွင်း​ တည်ငြိမ်​အေး​ချမ်း​ရေး​၊​ ဖွံ့​ဖြိုး​တိုး​ တက်​ရေး​၊​ စသည့်​ကိစ္စရပ်များ​ ​ဖော်​ဆောင်နိုင်​ရေး​အတွက် ဆက်လက်တင်ပြ ​ဆွေး​ ​နွေး​ကြရန်၊”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013