Homeမြန်မာသတင်း
ဂဂမျိုးဆက်ကျောင်းသားများ မအူပင် ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးမြင်ကွင်း (ဓါတ်ပုံ)
ဂဂမျိုးဆက်ကျောင်းသားများ မအူပင် ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးမြင်ကွင်း (ဓါတ်ပုံ)
DVB
·
April 5, 2012
မအူပင်မြို့ ကျောင်းသားသမဂ္ဂဖွဲ့စည်းတဲ့အပေါ် သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ကျောင်းအုပ်ချုပ်သူတွေက အနှောက်အယှက်မပေးဘဲ အသိအမှတ်ပြု ခွင့်ပြုပေးပါလို့ ၈၈ မျိုးဆက်ကျောင်းသားတွေကပြောဆိုလိုက်ပါတယ်။ အလားတူ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းတွေမှာ ငါးရှိရင်ရေရှိရမယ် ဆိုတဲ့အတိုင်း ကျောင်းသားရှိရင် ကျောင်းသားသမဂ္ဂတွေလည်းရှိရမှာဖြစ်တယ်လို့ဆိုပါတယ်။
ဒီကနေ့ ၅ ရက်နေ့မှာ မအူပင်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်လူငယ်တွေအပါအဝင် မအူပင်မြို့ခံတွေနဲ့တွေ့ဆုံရာမှာ အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းမိတ်ဆက်အဖြစ် မအူပင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်လူငယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရောက်နေတာဖြစ်ပါတယ်။ ကျောင်းသားသမဂ္ဂဟာ ကျောင်သားတွေရဲ့လွှတ်တော်ဖြစ်ပြီး ဒါဟာ အနာဂတ်မြန်မာနိုင်ငံတော်အတွက် ကျောင်းသားတွေကို လွှတ်တော်ကျင့်သားရရှိစေမှာဖြစ်တယ်လို့ ဆိုပါတယ်။ မြို့ခံတွေအနေနဲ့လည်း ကျောင်းသားသမဂ္ဂကို ဝိုင်းပြီးဝန်းရံကြဖို့လည်း ၈၈ မျိုးဆက်ကျောင်းသားတွေက တောင်းဆိုလိုက်ပါတယ်။ အခုလိုတွေ့ဆုံပွဲကို မအူပင်ကျောင်းသားသမဂ္ဂလူငယ်တွေက ဦးစီးစီစဉ်ကျင်းပခဲ့တာဖြစ်ပါတယ်။
ဟင်္သာတမြို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေလည်း လာရောက်ပူးပေါင်းခဲ့ကြပါတယ်။
Read more