DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်​ရေး​ဆိုင်ရာ ကျင့်​ဝတ် ​ကေအန်ယူ ​ဆွေး​နွေး
DVB
·
April 5, 2012
အပစ်ရပ်​ရေး​ဆိုင်ရာ ကျင့်​ဝတ် ​ကေအန်ယူ ​ဆွေး​နွေး
Donate to DVB

ကရင်အမျိုး​သား​အစည်း​အရုံး​ ကိုယ်စား​လှယ်​တွေဟာ မနက်ဖြန်ကျရင် ပြည်​ထောင်စု အဆင့်​ ငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်​တွေနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ကြမယ်လို့​ ရန်ကုန်မြို့​ရောက် ​ကေအန်ယူကိုယ်စား​လှယ်အဖွဲ့​ ​ပြောခွင့်​ရသူ ​စောကွယ်ထူး​ဝင်း​က ​ပြောပါတယ်။

[caption id="attachment_23819" align="alignleft" width="300" caption="photo-reuters"][/caption]

ကေအဲန်ယူအဖွဲ့​ဟာ ဇန်နဝါရီလက ပြည်နယ်အဆင့်​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲမှာ အပစ်အခတ်ရပ်ထား​ဖို့​ ပဏာမသ​ဘောတူခဲ့​ပါတယ်။ ဒါ​ပေမယ့်​ နှစ်ဖက် အ​သေး​စိတ် နှစ်ဖက်လိုက်နာကြရမယ့်​ ကျင့်​ဝတ်ချမှတ်​ရေး​ကိစ္စ အပါအဝင် အပစ်ရပ်​ရေး​ အ​သေး​စိတ် အချက်အလက်​တွေကို မ​နေ့​က ပြည်နယ်အဆင့်​ ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​အဖွဲ့​နဲ့​ ​ဆွေး​နွေး​ခဲ့​ကြသလို မနက်ဖြန်မှာလည်း​ ထပ်မံ​ဆွေး​နွေး​မယ်လို့​ ​စောကွယ်ထူး​ဝင်း​က ​ပြောပါတယ်။

“အပစ်အခတ် ရပ်စဲ​ရေး​နဲ့​ ပတ်သက်ပြီး​တော့​ လိုက်နာ​ဆောင်ရွက်ရမယ့်​ စည်း​ကမ်း​ အချက်အလက်​တွေကိုလည်း​ ဒီအ​ပေါ်မှာလည်း​ ပါတယ်။ ဒီအချက်အလက်ထဲမှာ လူထု​ရေး​ရာနဲ့​ ပတ်သက်ပြီး​ ဆက်စပ်​နေတယ်။ လက်နက်ကိုင် ပဋိပက္ခဖြစ်​နေတဲ့​ ​ဒေသမှာ လုယက်မှု ခံစား​နေရတဲ့​ ဒုက္ခ​တွေ၊​ ​ပြောင်း​ရွှေ့​မှု​တွေ၊​ စစ်​ရေး​အတွက်​ကြောင့်​ အဓမ္မ ခိုင်း​စေမှု​တွေ၊​ ဒါ​တွေကို အဓိက ​ဆွေး​နွေး​သွား​မယ်ဆိုတာ ခုန ကျ​နော်​ပြောသလိုပဲ စစ်​ရေး​ရပ်ဆဲတာ​တော့​ သ​ဘောတူထား​ပြီး​ပြီ။ လိုအပ်တဲ့​ စည်း​မျဉ်း​စည်း​ကမ်း​တွေအတွက် မနက်ဖြန်မှာ ထပ်​ဆွေး​နွေး​သွား​မယ်။”

ကေအန်ယူ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​နော်စီဖိုး​ရာစိန် ဦး​ဆောင်တဲ့​ ကရင်ကိုယ်စား​လှယ်အဖွဲ့​ဟာ ဒီလ ၈ ရက်​နေ့​ကျရင် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံနိုင်ဖို့​ စီစဉ်ထား​သလို ကျန်နိုင်ငံ​ရေး​ပါတီ​တွေက ကိုယ်စား​လှယ်​တွေနဲ့​လည်း​ ​တွေ့​ဆုံဖို့​ စီစဉ်ထား​တယ်လို့​ ​စောကွယ်ထူး​ဝင်း​က ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013