Live
Home
မြန်မာသတင်း
မောင်တောဒေသတွင် လူငယ်အဖွဲ့ ကူညီထောက်ပံ့ရေးစတင်
DVB
·
November 12, 2017
အကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့တဲ့ မောင်တော၊ ဘူးသီးတောင်ဒေသမှာ လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီပေးဖို့ လူငယ်ရက်၂၀ အစီစဉ်ကို ဒီကနေ့ စတင်လိုက်ပါတယ်။ အစီအစဉ် ပထမအသုတ်အနေနဲ့ မောင်တောကို ဒီကနေ့ သွားပြီး အဲဒီဒေသက ပြည်သူတွေကို ကူညီထောက်ပံ့ရေး လုပ်ဆောင်သွားမှာပါ။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က “အခုပါလာတဲ့ လူ ၈၀ အပေါ်မှာ မူတည်ပြီး တဝက်စီခွဲပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီအထဲမှာ လုပ်ရင်းကိုင်ရင်းမှ ဘူးသီးတောင်မြို့နယ်ဘက်မှာ သွားရမယ်။ လူငယ်တွေအတွက် နေရာထိုင်ခင်း၊ စားရေးသောက်ရေး အားလုံး ပံ့ပိုးကူညီသွားမှာဖြစ်ပါတယ်။ ထောက်ပံ့တဲ့ကိစ္စအားလုံးကို သူတို့ကိုယ်တိုင် ထမ်းစရာရှိတာထမ်း ထုပ်ပိုးစရာရှိတာ ထုပ်ပိုး၊ ကူညီထောက်ပံ့ရေးပစ္စည်းတွေကို ထဲထဲဝင်ဝင် ကူညီ ထောက်ပံ့ပေးသွားမယ်” လို့ ပြောပါတယ်။ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ညှိနှိုင်းရေးလူငယ်အဖွဲ့ စေတနာ့ဝန်ထမ်း မယဉ်မိုးသူက “ညီမတို့ဘက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးရုံးအဖွဲ့နဲ့ ဘူးသီးတောင်၊ မောင်တောမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ တိုင်ပင်ပြီးတော့ ရွာတွေ၊ တရက်ကို ရွာ ၅ ရွာ သတ်မှတ်ထားပါတယ်။ အဖွဲ့ ၅ ဖွဲ့နေပြီးတော့ ထောက်ပံ့ရေးပစ္စည်းတွေထောက်ပံ့သွားမယ်” လို့ ပြောပါတယ်။ လူသားချင်းစာနာထောက် ထားရေးဆိုင်ရာညှိနှိုင်းရေးလူငယ်အဖွဲ့ စေတနာ့ဝန်ထမ်းလူငယ်တဦးဖြစ်တဲ့ ကိုရန်နိုင်စိုးက “လက်ရှိ ကမန်တိုင်းတရင်းသားတဦးအနေနဲ့ ဒီအဖွဲ့မှာ ပါဝင်လာတာဖြစ်ပါတယ်။ ကျနော်တို့ ရှေ့ကိုသွားပြီး လုပ်ဆောင်ဖို့ ရှိပါတယ်။ ကြားဖူးနားဝ မဟုတ်တောင်မှ တကယ့်လက်တွေ့မှာ ဘာတွေဖြစ်နေလဲ၊ လူငယ်တွေအနေနဲ့ ထိတွေ့ခံစားချင်တယ်။ ပြီးတော့ မျှဝေချင်တယ် Sharing လုပ်ချင်တယ်” လို့ ပြောပါတယ်။ လူသားချင်းစာနာထောက်ထားရေး ဆိုင်ရာညှိနှိုင်းရေးလူငယ် HCYT အဖွဲ့ဟာ နိုဝင်ဘာ ၅ ရက်နေ့ စတင်ခဲ့တာ ဖြစ်ပြီး ပထမအသုက်အနေနဲ့ ဒီလ ၆ ရက်နေ့ သင်တန်ပေးခဲ့တာဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပြီး နောက်ထပ်လူငယ်အဖွဲ့တွေမောင်တောဒေသကို ကူညီထောက်ပံ့ရေးပစ္စည်းလုပ်ဖို့ ထပ်မံစေလွှတ်မှာဖြစ်ပါတယ်။ သတင်း-ဓာတ်ပုံ ဝဏ္ဏခွာညို

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024