Monday, May 29, 2023
မြန်မာအ​ပေါ် ပိတ်ဆို့​ဒဏ်ခတ်မှုအား​လုံး​ရပ်ရန် တရုတ်​တောင်း​ဆို
မြန်မာနိုင်ငံအ​ပေါ်ပိတ်ဆို့​ ဒဏ်ခတ်အ​ရေး​ယူထား​မှု အား​လုံး​ကို အမြန်ဆုံး​ ပြန်ရုပ်သိမ်း​ပေး​ဖို့​ တရုတ်နိုင်ငံက ​တောင်း​ဆိုလိုက်ပါတယ်။
ဟောင်းလီ
တရုတ်နိုင်ငံ ​ဘေဂျင်း​မြို့​မှာ ဒီက​နေ့​ ပြုလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ တရုတ်နိုင်ငံခြား​ရေး​ဌာန ​ပြော​ရေး​ဆိုခွင့်​ရှိသူ ​ဟောင်း​လီက သတင်း​ထောက်​တွေကို ​ပြောကြား​လိုက်တာပါ။
မစ္စတာ​ဟောင်း​လီက မြန်မာနိုင်ငံအ​ပေါ် ပိတ်ဆို့​ ဒဏ်ခတ်အ​ရေး​ယူထား​တဲ့​ နိုင်ငံ​တွေအား​လုံး​က ဒီပိတ်ဆို့​ဒဏ်ခတ်မှု​တွေ အား​လုံး​ကို အပြည့်​အဝ မြန်နိုင်သမျှ အမြန်ဆုံး​ ပြန်ရုပ်သိမ်း​ပေး​ဖို့​ ​တောင်း​ဆိုပါတယ်။ ပြန်လည်ရုပ်သိမ်း​တဲ့​ နိုင်ငံ​တွေကို တရုတ်နိုင်ငံက ကြိုဆိုမှာ ဖြစ်ပါတယ်လို့​ ​ပြောပါတယ်။
ဒါ့​ပြင် မြန်မာနိုင်ငံမှာ ကျင်း​ပခဲ့​တဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့​ နိုင်ငံ​ရေး​ သင့်​မြတ်​ရေး​ ဖြစ်စဉ်နဲ့​ တည်ငြိမ်ဖွံ့​ဖြိုး​ရေး​ဆီ တွန်း​အား​ပေး​တဲ့​အရာဖြစ်ဖို့​ ​မျှော်လင့်​ထား​တယ်လို့​လည်း​ ​ပြောကြား​ခဲ့​ပါတယ်။
ဒါ​ပေမယ့်​ ဧပြီ ၁ ရက် ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်က အနိုင်ရသွား​တာနဲ့​ ပတ်သက်ပြီး​ ထည့်​သွင်း​ ​ပြောဆိုခဲ့​ခြင်း​ မရှိပါဘူး​။
တရုတ်နိုင်ငံဟာ ၂၀၁၀ ​ရွေး​ကောက်ပွဲ ကြံ့​ခိုင်​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ပါတီ အနိုင်ရစဉ်က ဂုဏ်ယူဝမ်း​မြောက်​ကြောင်း​ ထုတ်​ဖော်​ပြောဆိုခဲ့​သလို ၁၉၉၀ ​ရွေး​ကောက်ပွဲမှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အနိုင်ရစဉ်ကလည်း​ ပထမဆုံး​ ဂုဏ်ပြုခဲ့​ဖူး​ပါတယ်။
အလား​တူ အာဆီယံ အ​ရှေ့​တောင်အာရှနိုင်ငံများ​ အသင်း​ကလည်း​ က​မ္ဘောဒီယား​နိုင်ငံမှာ ကျင်း​ပတဲ့​ ထိပ်သီး​အစည်း​အ​ဝေး​မှာ မြန်မာအ​ပေါ် ပိတ်ဆို့​ဒဏ်ခတ်မှု​တွေ ပြန်ရုပ်သိမ်း​ဖို့​ အာဆီယံ​ခေါင်း​ဆောင်​တွေက ​တောင်း​ဆိုထား​ပါတယ်။
အ​မေရိကန်နဲ့​ ဩစ​ဩေလျနိုင်ငံ​တွေက​တော့​ ပိတ်ဆို့​ဒဏ်ခတ်မှု ​လျော့​ပေး​မယ်လို့​ တရား​ဝင် ထုတ်​ဖော် ​ပြောဆိုထား​ပါတယ်။
RELATED ARTICLES
- Advertisment -
Google search engine
Most Popular