ဘိုင်ယန်က သီယာဂိုကို ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ခွင့်ပြုထား

2K
ဘိုင်ယန်မြူးနစ်အသင်းက ကွင်းလယ်ဖန်တီးရှင် သီယာဂိုအဲလ်ကန်တာရာ ကို ဘာစီလိုနာအသင်းထံ ပြန်လည်ပြောင်းရွှေ့လိုပါက ခွင့်ပြုပေးထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ စပိန်လက်ရွေးစင်ဟာ ဘာစီလိုနာအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို ၂၀၁၃ ခုနှစ်ကနေ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ဘိုင်ယန်အသင်းအမှာ အဓိက ကွင်းလယ်ကစားသမားတဦးဖြစ်လာခဲ့ပါတယ်။
သီယာဂိုက ဘာစီလိုနာအသင်းဟာ သူ့ရဲ့အိမ်လိုဖြစ်ပြီး အသင်းကို ချစ်သလို မြို့ကိုလည်း ချစ်တယ်လို့ ဆိုပါတယ်။
သီယာဂိုဟာ ဘာစီလိုနာအသင်းကို အသက် ၁၄ နှစ်အရွယ်ကတည်းက ရောက်ရှိလာခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းကို နည်းပြ ဂွါဒီယိုလာ ပြောင်းရွှေ့ခဲ့တဲ့အချိန်မှာ ဘေယန်မြူးနစ်အသင်းမှာ ပြောင်းရွှေ့ကစားခဲ့တာပဲဖြစ်ပါတယ်။