DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြား​သား​ခရီး​သည် ၁၅၀၀ ရန်ကုန်​လေဆိပ်က ​နေ့​စဉ် ဝင်​ရောက်
DVB
·
April 5, 2012
နိုင်ငံခြား​သား​ခရီး​သည် ၁၅၀၀ ရန်ကုန်​လေဆိပ်က ​နေ့​စဉ် ဝင်​ရောက်
Donate to DVB

၂၀၁၂ ဇန်နဝါရီလကစပြီး​ အခုအချိန်ထိ နိုင်ငံခြား​သား​ခရီး​သည် ၁၅၀၀ ​လောက် ရန်ကုန်​လေဆိပ်က​နေ ​နေ့​စဉ် ဝင်​ရောက် လာ​နေတယ်လို့​ ဟိုတယ် ခရီး​ဝန်ကြီး​ဌာနက စုံစမ်း​သိရှိရပါတယ်။

ဝင်​ရောက်​နေတဲ့​အ​ကြောင်း​ ဟိုတယ်နဲ့​ခရီး​သွား​လုပ်ငန်း​၊​ သတင်း​ အချက်အလက်နဲ့​ မှတ်တမ်း​ဌာနက ညွှန်ကြား​ရေး​မှူး​ ဦး​မိုး​ဇော်ထွဋ်က ဒီဗွီဘီကို ​ပြောပါတယ်။

“ဇန်နဝါရီက​နေ အခု​ပြောတဲ့​အချိန်ထိဆို ​နေ့​စဉ်ရန်ကုန်​လေဆိပ်ကို ​လေယာဉ်ဝင်တာ အစီး​ ၂၀ ဝန်း​ကျင်မှာ ရှိပါတယ်။ ​နောက် နိုင်ငံခြား​သား​ နိုင်ငံတကာ ခရီး​သည်က ၁၅၀၀ ပတ်ဝန်း​ကျင် ရှိပါတယ်။ ခရီး​သွား​ဗီဇာရှိတယ်။ အခြား​ဗီဇာဆိုရင် စီး​ပွား​ရေး​ဗီဇာတို့​၊​ လူမှု​ရေး​ဗီဇာတို့​ဆိုရင် ၂၀၀ ​ကျော်​လောက် ရှိပါတယ်။ အား​လုံး​ပေါင်း​ရင်​တော့​ ၁၅၀၀ ဝန်း​ကျင်မှာရှိပါတယ်။”

အလည်အပတ် လာ​ရောက်သူ​တွေအပြင် စီး​ပွား​ရေး​လုပ်ငန်း​ဗီဇာ၊​ သတင်း​ထောက်ဗီဇာ စတဲ့​ ဗီဇာ​တွေနဲ့​ လာ​ရောက်​နေကြတာဖြစ်ပြီး​ အရင်က လာ​ရောက် လည်ပတ်​လေ့​မရှိတဲ့​ အ​မေရိကန်နဲ့​ အီး​ယူ ခရီး​သည်​တွေပါ ​ရောက်လာ​နေကြတာလည်း​ ဖြစ်ပါတယ်။

ကမ္ဘာလှည့်​ခရီး​သည်​တွေ အခုလို အ​မြောက်အမြား​ လာ​ရောက် လည်ပတ်​နေကြချိန်မှာ အဓိကကြုံ​တွေ့​ရတဲ့​ အခက်အခဲက​တော့​ ဟိုတယ်ခန်း​တွေ လုံ​လောက်မှုမရှိတာနဲ့​ ပြည်တွင်း​ပြေး​ဆွဲ​နေတဲ့​ ​လေ​ကြောင်း​လိုင်း​ အ​ရေအတွက် နည်း​နေတာ​တွေပဲလို့​ မြန်မာနိုင်ငံ ဧည့်​လမ်း​ ညွှန်အသင်း​က ပြန်ကြား​ရေး​အဖွဲ့​ဝင် ကိုညီညီက ​ပြောပါတယ်။

မြန်မာပြည်ရဲ့​ ခရီး​သွား​ရာသီ မဟုတ်တဲ့​ အချိန်မှာ​တောင် အခုလို လာ​ရောက်​နေတဲ့​ အတွက် လာမယ့်​ခရီး​သွား​ရာသီမှာ​တော့​ မနိုင်မနင်း​တွေ ဖြစ်လိမ့်​မယ်လို့​လည်း​ ကိုညီညီက ​ပြောပါတယ်။

“လာမယ့်​ ၂၀၁၂ - ၂၀၁၃ ခရီး​သွား​ရာသီမှာ မနိုင်မနင်း​ ​တွေကို ဖြစ်သွား​နိုင်တယ်။ ၂၀၁၃ မှာ ဆီး​ဂိမ်း​တွေ ဘာ​တွေ ရှိတယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​လည်း​ နိုင်ငံ​ရေး​စင်မြင့်​ပေါ် တက် လာပြီဆို​တော့​ နိုင်ငံ​ရေး​ ပုံရိပ်ကလည်း​ အရမ်း​ကောင်း​လာတယ်။ မြန်မာပြည် သွား​မယ်ဆိုရင် ကန့်​ကွက်ကြတဲ့​သူ​တွေက များ​တယ်။ အခုကျ​တော့​ နိုင်ငံ​ရေး​ပုံရိပ်​တွေက အရမ်း​ ​ကောင်း​တော့​ လာရဲတဲ့​ပုံစံလည်း​ များ​လာတယ်။ အဲဒီ​တော့​ အင်မတန်ကို မနိုင်မနင်း​ ဖြစ်မယ့်​ခရီး​ သွား​ရာသီလို့​ထင်တယ်။”

မြန်မာပြည်ကို ခရီး​သွား​အများ​ဆုံး​ လာ​ရောက်လည်ပတ်တဲ့​ ရာသီက ​အောက်တိုဘာ၊​ နိုဝင်ဘာက​နေ ဇန်နဝါရီ၊​ ​ဖေ​ဖော်ဝါရီလ အတွင်း​ ဖြစ်ပါတယ်။

ပြီး​ခဲ့​တဲ့​ နှစ်ထဲ မြန်မာနိုင်ငံကို ကမ္ဘာလှည့်​ခရီး​သည် ၃ သိန်း​ကျော် လာ​ရောက် လည် ပတ်ခဲ့​ပြီး​၊​ ဒီနှစ်အတွင်း​ ခရီး​သည် ၁ သန်း​ခွဲ​လောက် လာ​ရောက်လည်ပတ်ဖို့​ ဟိုတယ်/ခရီး​ ဝန်ကြီး​ဌာနက ​မျှော်မှန်း​ထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013