A d v e r t i s e m e n t With Us

တရုတ်အွန်လိုင်းဈေးရောင်းကုမ္ပဏီ ၃ မိနစ်အတွင်း ဒေါ်လာ ၁ ဒသမ ၅၁ ဘီလီယံဖိုး ရောင်းချခဲ့ရ

တရုတ်အွန်လိုင်းဈေးရောင်းတဲ့ ကုမ္ပဏီ အလီဘာဘာဟာ နိုဝင်ဘာလ ၁၁ ရက်က  ၃ မိနစ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၁ ဘီလီယံ (၁၀ ဘီလီယံယွမ်ငွေ) ဖိုး ရောင်းချခဲ့ရပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ပြုလုပ်တဲ့  “လူပျို၊အပျိုနေ့” (Single’s Day) စတင်ပြီး ၃ မိနစ်အတွင်း အခုလို အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ရောင်းချခဲ့ရတာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ အိမ်ထောင်မရှိသူ လူပျိုအပျိုများအတွက် ရည်ရွယ်ကျင်းပတဲ့ အဲဒီပွဲကို နိုဝင်ဘာ ၁၁ ရက်နေ့ထဲကို စတင်ဝင်ရောက်တဲ့ ည သန်းခေါင်အချိန်ကစတင်တာဖြစ်ပြီး ၂၄ နာရီ ကျင်းပမှာဖြစ်ပါတယ်။ အလီဘာဘာ အွန်လိုင်းကုမ္ပဏီရဲ့ ရောင်းချရမှုဟာ နိုဝင်ဘာ ၁၁ ရက် မနက် ၂ နာရီကျော်ကျော်လောက်မှာ တရုတ်ယွမ်ငွေ ဘီလီယံ ၈၀ ဖိုးထိ ရောင်းချခဲ့ရတယ်လို့ ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ အလီဘာလာကုမ္ပဏီဟာ ၂၀၁၆ ခုနှစ်က အခုလို နိုဝင်ဘာ ၁၁ ရက် ‘လူပျိုအပျိုနေ့” တစ်နေတာ ရောင်းချရငွေဟာ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၇၃ ဘီလီယံ (တရုတ်ယွမ်ငွေ ၁၂၀ ဒသမ ၇ ဘီလီယံ) ထိရှိခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ လူပျိုအပျိုနေ့ဟာ ကိုယ့်ကိုယ်ကိုယ် အိမ်ထောင်မရှိတာကို ဂုဏ်ယူတဲ့အနေနဲ့ ၁၉၉၃ ခုနှစ်က နန်ကျင်း တက္ကသိုလ်မှာ စတင်ကျင်းပခဲ့တာပါ။ အဲဒီစပြီး တရုတ်နိုင်ငံတစ်ဝန်း ခေတ်စားသွားခဲ့တာလည်းဖြစ်ပါတယ်။ နိုဝင်ဘာ ၁၁ ရက်၊ ၁၁ လပိုင်း၊ ၁၁ ရက်နေ့ကို လူပျိုအပျိုနေ့ လို့သတ်မှတ်ရတာဟာ တစ်ဦးတစ်ယောက်သဘောဆောင်တဲ့ ၁ ဂဏန်း လေးလုံးပါတဲ့ နေ့ဖြစ်တာကြာင့်ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up