စစ်ကိုင်း​တိုင်း​က ​တောင်သူများ​ စိုက်ခင်း​ဖျက်ဆီး​တဲ့​ကုမ္ပဏီကို တရား​စွဲ

စစ်ကိုင်း​တိုင်း​ မုံရွာမြို့​ ကနီ​ကျေး​ရွာမှာ သူတို့​စိုက်ခင်း​တွေကို ဖျက်ဆီး​ခဲ့​တဲ့​ ကုမ္ပဏီကို ရွာသား​တွေက တရား​စွဲဆိုတဲ့​အမှုကို မ​နေ့​က မုံရွာမြို့​နယ်တရား​ရုံး​မှာ ရုံး​ထုတ်တယ်လို့​ ဒီအမှုကို လိုက်ပါ​ဆောင်ရွက်တဲ့​ ​ရှေ့​နေကွန်ယက်က ဦး​မြင့်​သွင်က ​ပြောပါတယ်။ “​တောင်သူ ၇၇ ​ယောက်ရဲ့​ ​မြေ​တွေကို တင်ဝင်း​ထွန်း​ကုမ္ပဏီက ဖျက်ထား​လိုက်လို့​လေ။ ကျ​နော် တင်ဝင်း​ထွန်း​ကုမ္ပဏီကို ​တောင်သူ​တွေရဲ့​ နစ်နာ​ကြေး​အတွက် တရား​စွဲ​ပေး​ထား​တာ မ​နေ့​က ရုံး​ချိန်း​မှာ တရား​ရုံး​က ​တောင်သူ​တွေ အကုန်လုံး​ ​ခေါ်ခဲ့​ပါဆိုလို့​ ​ခေါ်သွား​ရတယ်။ ကျ​နော်တို့​ စစွဲထား​တဲ့​အတွက် ​တောင်သူ​တွေရဲ့​ လက်မှတ် မှန် မမှန်။ နစ်နာတာ ဟုတ် မဟုတ်။ ​တောင်သူ​တွေ တကယ်စွဲတာ ဟုတ်မဟုတ် တရား​ရုံး​က ​ခေါ်စစ်တဲ့​သ​ဘောပါ။” ဦး​မြင့်​သွင်ဟာ အာဏာပိုင်​တွေနဲ့​ နီး​စပ်သူ​တွေရဲ့​ လယ်သိမ်း​ယာသိမ်း​ အမှု​တွေကို လိုက်ပါ​ဆောင်ရွက်ရင်း​ ​ရှေ့​နေလိုင်စင် ရုပ်သိမ်း​ခံထား​ရသူ ဖြစ်ပါတယ်။ တင်ဝင်း​ထွန်း​ကုမ္ပဏီက ​တောင်သူ ၇၇ ဦး​ရဲ့​ လယ်ယာ​မြေဧက ၁၀၀ နီး​ပါး​ ​ပေါ်က​နေ လမ်း​ဖောက်လုပ်တဲ့​အတွက် သီး​နှံ​တွေ ပျက်စီး​ခဲ့​တဲ့​အ​ပေါ် ကုမ္ပဏီကို ​တောင်သူ​တွေက တရား​စွဲဆိုခဲ့​တာ ဖြစ်ပါတယ်။ ​တောင်သူတဦး​ချင်း​ပိုင်ဆိုင်မှုက ​သေး​ငယ်တာ​ကြောင့်​ လယ်​မြေဧက အား​လုံး​အတွက် ၂၄၃ သိန်း​ခန့်​ပဲ နစ်နာ​ကြေး​ရလိုမှု ​တောင်း​တာလို့​ ဒီအမှုကို လိုက်ပါကူညီ​နေသူ ​ရှေ့​နေများ​ကွန်ယက်က ဦး​မြင့်​သွင်က ​ပြောပါတယ်။ တင်ဝင်း​ထွန်း​ ကုမ္ပဏီဟာ သူတို့​ရဲ့​ ကုမ္ပဏီလုပ်ငန်း​အတွက် လယ်ကွင်း​တွေထဲကို မနှစ်​မေလဆန်း​ပိုင်း​က လမ်း​ဖောက်လို့​ ​တောင်သူ​တွေရဲ့​ ငှက်​ပျောခင်း​၊​ နှမ်း​နဲ့​ ပဲစဉ်း​ငုံခင်း​တွေ ပျက်စီး​ခဲ့​ပါတယ်။ ကုမ္ပဏီဘက်က ကိုယ်စား​လှယ် ဦး​လေး​မောင်နဲ့​ ​ဒေါ်နုယဉ်ဆိုသူတို့​က နစ်နာဆုံး​ရှုံး​ခဲ့​ရသမျှအတွက် ​လျော်​ကြေး​ပေး​ပါမယ်လို့​ ၂၀၁၁ ခုနှစ်ဇွန်လဆန်း​ပိုင်း​က ​တွေ့​ဆုံကတိ​ပေး​ခဲ့​ပြီး​မှ ပျက်ကွက်ခဲ့​တဲ့​အတွက် တရား​ရုံး​ကို တိုင်တာဖြစ်ပါတယ်။ ဒီအမှုကို ဧပြီလ ၁၀ ရက်​နေ့​မှာ ပြန်ချိန်း​ဆိုထား​ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up