
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံးနဲ့ မြို့နယ် အောင်နိုင်ရေး အဖွဲ့ဝင်တွေကို ပါတီဌာနချုပ်ကို ဧပြီ ၇ ရက်နေ့ မနက် ၉ နာရီအရောက် လာရောက်ဖို့ ခေါ်ထားပါတယ်။
အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီက ခေါ်ယူတွေ့ဆုံတာဖြစ်ပြီး အသေးစိတ်ကို မနက်ဖြန်ကျမှ သတင်းထုတ်ပြန်မယ်လို့ အဖွဲ့ချုပ်ဗဟိုပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြားဖြတ်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ ကိုယ်စား လှယ်လောင်း ၄၈ ဦး ရွေးချယ်တဲ့အနက် ကချင်ပြည်နယ်က မဲဆန္ဒနယ်မြေ ၃ ခုက ရွေး ကောက်ပွဲကို ဆိုင်းငံ့လို့ ကျန်ရှိ ၄၅ နေရာအနက် စစ်ကိုင်းတိုင်းက အမျိုးသားလွှတ်တော်နေရာ ၁ နေရာမှာ ကိုယ်စားလှယ်ကန့်ကွက်ခံရပြီး ယှဉ်ပြိုင်ခွင့်မရဘဲ ၄၄ နေရာ ပြိုင်ဆိုင်ခဲ့ပါတယ်။
၄၄ နေရာယှဉ်ပြိုင်ရာမှာ ၄၃ နေရာ အနိုင်ရရှိခဲ့ပြီး ရှမ်းပြည်နယ်က အမျိုးသား လွှတ်တော်တနေရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။