အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဗီယက်နမ်နိုင်ငံ ရောက်ရှိ

ဓာတ်ပုံ - ရိုက်တာ
2.2K
အာရှနိုင်ငံတွေဆီ ခရီးထွက်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်နိုင်ငံကနေ ဗီယက်နမ်နိုင်ငံကို ဒီကနေ့ ရောက်ရှိလာပါတယ်။
ဗီယက်နမ်ဟာ သမ္မတ ထရမ့်ရဲ့ ၁၂ ရက်ကြာ အာရှခရီးစဉ်အတွင်း စတုတ္ထမြောက် ရပ်နားရာနေရာ ဖြစ်ပါတယ်။
ထရမ့်ဟာ ဗီယက်နမ်နိုင်ငံ ဒန်နန်းမြို့မှာကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေးပက်) ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ စီစဉ်ထားပါတယ်။
အဲ့ဒီအစည်းအဝေးကို ရုရှားသမ္မတ ပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့လည်း တက်ရောက်ပြီး သမ္မတ ထရမ့်နဲ့ ထပ်မံတွေ့ဆုံဖို့ရှိကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။