A d v e r t i s e m e n t With Us

စပါးကွင်းလယ်လူ အဲရစ်ဒိုင်ယာကို အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်

ဓာတ်ပုံ - ဒေးလီးမေးလ်
အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ စပါးကွင်းလယ်လူ အဲရစ်ဒိုင်ယာကို အသင်းခေါင်းဆောင်သစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ အင်္ဂလန်အသင်းမှာ အသင်းခေါင်းဆောင်တွေဖြစ်တဲ့ ဟန်ဒါဆန်၊ ဟယ်ရီကိန်း၊ ဂယ်ရီကာဟေးလ်နဲ့ ဂိုးသမား ဂျိုးဟတ်တို့ ပါဝင်နိုင်မှာမဟုတ်လို့ အဲရစ်ဒိုင်ယာကို အသင်းခေါင်းဆောင်သစ်အဖြစ် ရွေးချယ်လိုက်တာပါ။ အဲရစ်ဒိုင်ယာအနေနဲ့ နည်းပြဆောက်ဂိတ်လက်ထက်မှာ ၆ ဦးမြောက် အင်္ဂလန်အသင်းခေါင်းဆောင်ဖြစ်ပြီး ဂျာမနီနဲ့ ခြေစမ်းပွဲမှာ ပထမဆုံးအကြိမ် အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်လာမှာ ဖြစ်ပါတယ်။ အဲရစ်ဒိုင်ယာဟာ ပွဲရဲ့အခြေအနေကို အကောင်းဆုံး သိမြင်သူဖြစ်ပြီး ပရော်ဖက်ရှင်နယ်ပီသတဲ့ ကစားသမားဖြစ်တာကြောင့် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်တာဖြစ်တယ်လို့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ပြောပါတယ်။ အသက် ၂၃ နှစ်ရှိ အဲရစ်ဒိုင်ယာဟာ အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံရသူတွေထဲမှာ ပဉ္စမမြောက် အသက်အငယ်ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up