Home
မြန်မာသတင်း
မိတ္ထီလာ-မလှိုင်ကားလမ်းတွင် ကားနှင့်ဆိုင်ကယ်တိုက်၊ ၁ ဦး သေဆုံး
DVB
·
November 10, 2017
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-မလှိုင်ကားလမ်း မိုင်တိုင် ၈/၄ နဲ့ ၅ အကြားမှာ နိုဝင်ဘာ ၉ ရက်ညနေက အိမ်စီးကားနဲ့ဆိုင်ကယ် တိုက်မိလို့ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရတယ်လို့ မိတ္ထီလာမြို့မ ရဲစခန်း တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။ ဖြစ်စဉ်မှာ မိတ္ထီလာမြို့နယ် မုန်ပင်ဆည်ရွာနေ ကိုကျော်မင်းနိုင် မောင်းလာတဲ့ အိမ်စီးကားနဲ့ ဆိုင်ကယ်တိုက်မိခဲ့တာဖြစ်ပြီး ဆိုင်ကယ်မောင်းနှင်သူ အမည်မသိ အမျိုးသား အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ မြို့မရဲစခန်း ဒုရဲအုပ်သက်ပိုင်စိုးက "ကိုကျော်မင်းနိုင်က သူဆွေမျိုးတွေ ဘုရာဖူးလိုက်ပို့ပြီး ပြန်လာတယ်။ ကားနဲ့ဆိုင်ကယ် အရှိန်မထိန်းနိုင်ပဲ မျက်နှာချင်းဆိုင်တိုက်မိတယ်။ ဆိုင်ကယ်နောက်ခုံမှာ ကိုဇင်မင်းထွန်း လိုက်လာတယ်။ သူကလည်း လမ်းကြုံတားစီးလာတော့ နေရာတင် သေဆုံးသူ ဘယ်သူဘယ်ဝါမသိဘူးလို့ ပြောတယ်။ နီးစပ်ရာ ဒေသခံတွေကလည်း မသိကြဘူး။ ရဲစခန်းတွေကိုတော့ ဓာတ်ပုံဖြန့်ပြီး စုံစမ်းထားတယ်။ သေဆုံးသူက ဦးခေါင်းနောက်စေ့ ပေါက်ပြီး ပါးစပ်က သွေးထွက်နေတယ်၊ ကိုဇင်မင်းထွန်းလည်း ဒဏ်ရာရတယ်၊ မစိုးရိမ်ရဘူး၊ မိတ္ထီလာဆေးရုံ ပို့ပေးရတယ်" လို့ ပြောပါတယ်။ ဒေသခံတဦးက "ဒီအနီအနားတဝိုက်မှာ အရင်က ယာဉ်မတော်တဆ ခဏခဏဖြစ် တတ်တယ်။ မဖြစ်တာတော့ ကြာပြီအောင့်မေ့နေတာ အခုပြန်ဖြစ်တာပဲ။” လို့ ပြောပါတယ်။ မိတ္ထီလာမြို့မရဲစခန်းမှာ သေဆုံးသွားသူနဲ့ကိုကျော်မင်းနိုင်တို့ကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု၊ ပြင်းထန်ဒဏ်ရာရမှု၊ သာမန်ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ နဲ့ အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024