Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ဗီယက်နမ်သမ္မတ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
DVB
·
November 10, 2017
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်သမ္မတ မစ္စတာ ထရမ် ဒိုင်ကွမ်နဲ့ ဒါနန်းမြို့ရှိ ဒါနန်း Administration Center ဧည့်ခန်းမှာ မနေ့ညက တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့တယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံနိုင်ငံခေါင်းဆောင်တွေနဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေပက်) အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေ သီးသန့်တွေ့ဆုံပွဲ တက်ရောက်ဖို့ ဗီယက်နမ်နိုင်ငံကို ရောက်ရှိနေတာပါ။ တွေ့ဆုံပွဲမှာ နှစ်နိုင်ငံဆက်ဆံရေး၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေ၊ ကုန်သွယ်ရေးနဲ့ စိုက်ပျိုးရေးကဏ္ဍတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာကိစ္စရပ်တွေ ပိုမိုပူးပေါင်းဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တွေ့ဆုံပွဲကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ သံအမတ်ကြီး ဦးကျော်စိုးဝင်းနဲ့ တာဝန်ရှိသူတွေ တက်ရောက်ကြပြီး ဗီယက်နမ်သမ္မတနဲ့အတူ ဗီယက်နမ်အစိုးရအဖွဲ့ရုံးဝန်ကြီး မစ္စတာ ဒါအော့ဗီယက်ကျုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ဒန်းဒင့်ကွီ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ဒေါ့ထန်ဟိုင်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024