A d v e r t i s e m e n t With Us

မတူညီသည့် နိုင်ငံ ၃ နိုင်ငံမှ ဆုဖလားများ ဆွတ်ခူးလိုဟု မိုရာတာ ပြော

ဓာတ်ပုံ - Getty Images
ချဲလ်ဆီးတိုက်စစ်မှူး မိုရာတာက မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ဟိုလို မတူညီတဲ့ နိုင်ငံ ၃ နိုင်ငံက ဆုဖလားတွေကို ဆွတ်ခူးလိုတယ်လို့ ပြောကြားလိုက်ပါတယ်။ မိုရာတာဟာ ဂျူဗင်တပ်စ်အသင်းမှာ ကစားစဉ်က စီးရီးအေချန်ပီယံဆု ၂ ကြိမ် ရရှိထားသလို ရီးရဲလ်မက်ဒရစ်အသင်းမှာလည်း လာလီဂါဖလားကို ပူပူနွေးနွေး ရရှိအပြီး ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့တာပါ။ ဒါ့ကြောင့် မိုရာတာအနေနဲ့ အီတလီနဲ့ စပိန်တို့မှာ ဖလားရရှိခဲ့ပြီးဖြစ်တာကြောင့် လာမယ့် ကာလအတွင်းမှာ ချဲလ်ဆီးအသင်းနဲ့အတူ အင်္ဂလန်နိုင်ငံက ဖလားတလုံး ရရှိလိုနေတာလည်း ဖြစ်ပါတယ်။ မိုရာတာဟာ အခုရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၇ ဂိုးထိ ရှိထားပြီး အဓိကပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာလည်း အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့တာပါ။ မိုရာတာက သူ့အနေနဲ့ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ မစဉ်းစားခဲ့ဘူးသလို အခုဆိုရင် ချဲလ်ဆီးအသင်းမှာ အချိန်အကြာကြီး ကစားနိုင်ဖို့လည်း မျှော်လင့်တယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up