A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်နှင့် ဖိလစ်ပိုင်ကို ခရီးထွက်

  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၉ ရက် မနက်ပိုင်းက  နေပြည်တော်လေဆိပ်ကနေ  မြန်မာအမျိုးသားလေကြောင်းလိုင်း အထူးလေယာဉ် နဲ့ ဗီယက်နမ်နိုင်ငံကို ထွက်ခွာသွားတယ်လို့ အတိုင်ပင်ခံရုံးသတင်းမှာ ဖော်ပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်မှာလုပ်မယ့် အာဆီယံ နိုင်ငံ ခေါင်းဆောင်များနဲ့  အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (အေးပက်) အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များ သီးသန့်တွေ့ဆုံပွဲ တက်ရောက်မှာဖြစ်တယ်။ အဲဒီကတဆင့် ဖိလစ်ပိုင်သမ္မတနိုင်ငံ  မနီလာမြို့မှာ ကျင်းပမယ့် (၃၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ တက်ရောက်မှာဖြစ်တယ်လို့ အတိုင်ပင်ခံရုံးသတင်းမှာ ဖော်ပြပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အဖွဲ့ဝင်အဖြစ် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နဲ့ တာဝန်ရှိသူတွေ လိုက်ပါသွားကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up