DVB Logo
Home
မြန်မာသတင်း
ပိတ်ဆို့​ဒဏ်ခတ်ထား​မှု ဩစ​တြေး​လျ ​လျော့​ပေး​မည်
DVB
·
April 4, 2012
ပိတ်ဆို့​ဒဏ်ခတ်ထား​မှု ဩစ​တြေး​လျ ​လျော့​ပေး​မည်
1 / 2
Donate to DVB

ဩစ​တြေး​လျ နိုင်ငံခြား​ရေး​ဝန်ကြီး​ ​ဘော့​ကား​လ်

မြန်မာနိုင်ငံရဲ့​ ဖြစ်​ပေါ်တိုး​တက်မှု​တွေကို ဆုချတဲ့​အ​နေနဲ့​ မြန်မာနိုင်ငံအ​ပေါ် ချမှတ်ထား​တဲ့​ ဒဏ်ခတ်အ​ရေး​ယူ ပိတ်ဆို့​မှု​တွေကို ​လျော့​ပေး​မယ်လို့​ ဩစ​တြေး​လျ နိုင်ငံခြား​ဝန်ကြီး​က ​ကြေညာ လိုက်ပါတယ်။

ဩစ​တြေး​လျ နိုင်ငံခြား​ရေး​ဝန်ကြီး​ ​ဘော့​ကား​လ်က မြန်မာကြား​ဖြတ် ​ရွေး​ကောက်ပွဲရလဒ်ကို ကြိုဆိုလိုက်ပြီး​ ဒီရလဒ်ဟာ မြန်မာပြည်သူ​တွေရဲ့​ ဆန္ဒကို ထင်ဟပ်​ကြောင်း​နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ နှစ်​ပေါင်း​များ​စွာအကြာမှာ မြန်မာလွှတ်​တော်မှာ ပါဝင်​ဆောင်ရွက်ခွင့်​ရမှာ ဖြစ်တဲ့​အတွက် ဝမ်း​မြောက်တယ်လို့​လည်း​ သူ့​ရဲ့​ ​ကြေညာချက်မှာ ​ဖော်ပြထား​ပါတယ်။

ဒါ့​ပြင် မြန်မာသမ္မတ ဦး​သိန်း​စိန်ဟာ ပြုပြင်​ပြောင်း​လဲ​ရေး​ လမ်း​ကြောင်း​ဆီ နိုင်ငံကို ဦး​ဆောင်သွား​နိုင်တဲ့​ သတ္တိရှိ​ကြောင်း​ ပြသလိုက်တာပဲလို့​ ဩစ​တြေး​လျ နိုင်ငံခြား​ရေး​ဝန်ကြီး​က ​ကြေညာချက်မှာ ​ပြောပါတယ်။

မြန်မာနိုင်ငံတွင်း​ ဖြစ်​ပေါ်တိုး​တက်မှု​တွေအတွက် ဩစ​တေး​လျအ​နေနဲ့​ မြန်မာအ​ပေါ် ဒဏ်ခတ်အ​ရေး​ယူမှု​တွေကို ​လျော့​ပေး​မှု အပါအဝင် ထင်သာမြင်သာတဲ့​ ဆုချီး​မြှောက်မှု​တွေ ​ပေး​မယ်လို့​လည်း​ မစ္စတာ ​ဘော့​ကား​လ်က အခိုင်အမာ ​ပြောပါတယ်။ ဒါ​ပေမယ့်​ ပိတ်ဆို့​အ​ရေး​ယူမှု​တွေကို ဘယ်အချိန်မှာ ဘယ်​လောက် ​လျော့​ပေး​မလဲဆို တာက​တော့​ မသိရ​သေး​ပါဘူး​။

ဒါ​ပေမယ့်​ ဩစ​တြေး​လျ အစိုး​ရအ​နေနဲ့​ မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ ​ငွေ​ကြေး​ရန်ပုံ​ငွေအဖွဲ့​(အိုင်အမ်အက်ဖ်)၊​ ကမ္ဘာ့​ဘဏ်(ဒဗလျူဘီ) နဲ့​ကုလသမဂ္ဂဖွံ့​ဖြိုး​မှုအစီအစဉ် (ယူအန်ဒီပီ)အဖွဲ့​တွေက အကြံညဏ်ယူပြီး​ ကူညီ​ထောက်ပံ့​ရေး​ အစီအစဉ်​တွေမှာ ပံ့​ပိုး​သွား​ဖို့​ အသင့်​ရှိ​နေပြီလို့​လည်း​ ဩစ​တြေး​လျအစိုး​ရက ​ကြေညာပါတယ်။

လွှတ်​တော် လစ်လပ်​နေရာ ၄၅ ​နေရာအတွက် ကျင်း​ပတဲ့​ ဧပြီ ၁ ရက် ကြား​ဖြတ် ​ရွေး​ကောက်ပွဲမှာ ​ဒေါ်​အောင်ဆန်း​စုကြည် ​ခေါင်း​ဆောင်တဲ့​ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ၄၃ ​နေရာ အနိုင် ရရှိခဲ့​ပြီး​တဲ့​နောက်မှာ အခုလို အ​ရေး​ယူ ပိတ်ဆို့​မှု​တွေကို ​လျော့​ချ​ပေး​ဖို့​ဖြစ်လာတာပါ။

ရွေး​ကောက်ပွဲ မတိုင်ခင်တုန်း​ကလည်း​ ဥ​ရောပသမဂ္ဂ (အီး​ယူ)က မြန်မာအစိုး​ရ ​ခေါင်း​ဆောင်​တွေ အ​ပေါ် ချမှတ်ထား​တဲ့​ ခရီး​သွား​ဗီဇာ ပိတ်ပင် တား​မြစ်ထား​တာကို ​လျော့​ပေါ့​ပေး​ခဲ့​ဖူး​ပါတယ်။ ဒါ​ပေမယ့်​ အ​နောက်နိုင်ငံ​တွေရဲ့​ စီး​ပွား​ရေး​အရ ပိတ်ဆို့​အ​ရေး​ယူမှု​တွေက​တော့​ ဆက်လက်ရှိ​နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013