တောင်ကြီးမှာ မိုးသက်လေပြင်းများ ရုတ်တရက် ကျရောက်
DVB
·
April 4, 2012
[caption id="attachment_23748" align="alignleft" width="219" caption="မိုးသီးများကို တွေ့ရစဉ် photo-Khine Zaw Lin Myint (facebook)"][/caption]
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ဧပြီ ၄ ရက်မွန်းလွဲပိုင်းလောက်မှာ မိုးသက်လေပြင်းတွေ ကျရောက်ပြီး မိုးသီးမိုးပေါက်တွေ ပရုပ်လုံး အရွယ်လောက်ထိ ကျလာတာတွေ့ရတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။ မနက်ခင်းနေသာ နေရာ ကနေ ရုတ်တရက် မိုးရွာသွန်းတာလို့လည်း ပြောပါတယ်။ မိုးရွာချိန် နာရီပိုင်းလောက်ပဲ ကြာတယ်လို့သိရပါတယ်။ ဒါပေမယ့် ခုလို မိုးသက်လေပြင်းတွေကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေကတော့ မရရှိသေးပါဘူး။