တောင်ကြီး​မှာ မိုး​သက်​လေပြင်း​များ​ ရုတ်တရက် ကျ​ရောက်

photo-Khine Zaw Lin Myint (facebook)
[caption id="attachment_23748" align="alignleft" width="219" caption="မိုး​သီး​များ​ကို​ ​တွေ့​ရ​စဉ်​​ photo-Khine Zaw Lin Myint (facebook)"][/caption] ရှမ်း​ပြည်နယ် ​တောင်ကြီး​မြို့​မှာ ဧပြီ ၄ ရက်မွန်း​လွဲပိုင်း​လောက်မှာ မိုး​သက်​လေပြင်း​တွေ ကျ​ရောက်ပြီး​ မိုး​သီး​မိုး​ပေါက်​တွေ ပရုပ်လုံး​ အရွယ်​လောက်ထိ ကျလာတာ​တွေ့​ရတယ်လို့​ ​ဒေသခံတဦး​က ဒီဗွီဘီကို ​ပြောပါတယ်။ မနက်ခင်း​နေသာ ​နေရာ က​နေ ရုတ်တရက် မိုး​ရွာသွန်း​တာလို့​လည်း​ ​ပြောပါတယ်။ မိုး​ရွာချိန် နာရီပိုင်း​လောက်ပဲ ကြာတယ်လို့​သိရပါတယ်။ ဒါ​ပေမယ့်​ ခုလို မိုး​သက်​လေပြင်း​တွေ​ကြောင့်​ ​ဒေသခံ​တွေ ထိခိုက်ဒဏ်ရာရတဲ့​ သတင်း​တွေက​တော့​ မရရှိ​သေး​ပါဘူး​။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up