DVB Logo
Home
မြန်မာသတင်း
အပစ်အခတ်ရပ်စဲ​ရေး​ ​ဆွေး​နွေး​ရန် ​ကေအန်ယူအဖွဲ့​ ဘား​အံကို ​ရောက်
DVB
·
April 4, 2012
Donate to DVB

မြန်မာအစိုး​ရနဲ့​ ဒုတိယကြိမ် အပစ်အခတ်ရပ်စဲ​ရေး​ဆက်လက်​ဆွေး​နွေး​ဖို့​ အဖွဲ့​ဝင် ၂၁ ဦး​ပါ ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) ကိုယ်စား​လှယ်အဖွဲ့​ဟာ ဒီမနက်မှာပဲ ထိုင်း​-မြန်မာ နယ်စပ်က​နေ ထွက်ခွာပြီး​ ကရင်ပြည်နယ် ဘား​အံမြို့​ကို ​ရောက်ရှိသွား​ပြီ ဖြစ်ပါတယ်။

မွန်း​လွဲပိုင်း​မှာ ဘား​အံမြို့​ကို ​ရောက်ရှိလာတဲ့​ ​ကေအန်ယူအဖွဲ့​ကို ဇွဲကပင်ဟိုတယ်မှာ ပြည်​ထောင်စုဝန်ကြီး​ ဦး​အောင်​သောင်း​နဲ့​ ဦး​အောင်မင်း​ အပါအဝင် ပြည်နယ်ဝန်ကြီး​ချုပ် ဦး​ဇော်မင်း​နဲ့​ အ​ရှေ့​တောင်တိုင်း​ စစ်ဌာနချုပ် တိုင်း​မှူး​ ဗိုလ်ချုပ်တင်​မောင်ဝင်း​တို့​က လာ​ရောက်ကြိုဆို နှုတ်ဆက်ခဲ့​ကြပါတယ်။

ည​နေ ၆ နာရီမှာ​လောက်မှာ​တော့​ ပြည်နယ်အဆင့်​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ ပြုလုပ်မယ်လို့​ ​ကေအန်ယူအဖွဲ့​ကို သွား​ရောက်ကြိုဆိုတဲ့​ ဘား​အံအ​ခြေစိုက် ဖလုံစ​ဝေါ် ဒီမိုကရက်တစ်ပါတီက ​ဒေါ်နန်း​ဆေး​ဝါး​က ဒီဗွီဘီကို ​ပြောပါတယ်။

“ရထား​ဝန်ကြီး​ ဦး​အောင်မင်း​၊​ လဝကဝန်ကြီး​ ဦး​ခင်ရီ၊​ ​နောက်ထပ် ဝန်ကြီး​ ၂ ဦး​ ပါပါတယ်။ အခု​တော့​ ဘာမှမ​ပြောကြ​သေး​ဘူး​။ ခရီး​ပန်း​လာလို့​ ဇွဲကပင်ဟိုတယ်မှာပဲ နား​ဦး​မှာ​ပေါ့​။ ၆ နာရီမှာ ညစာစား​ပွဲ ​ခေါ်ထား​ပါတယ်။”

ကေအန်ယူအ​နေနဲ့​ အစိုး​ရနဲ့​ ဒုတိယအကြိမ်​ဆွေး​နွေး​ပွဲမှာ အပစ်အခတ် ရပ်စဲ​ရေး​ သ​ဘောတူညီချက်ဆိုင်ရာ အ​သေး​စိတ်ကို လုပ်​ဆောင်သွား​ဖို့​၊​ တပြည်လုံး​ အတိုင်း​အတာနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ ပြုလုပ်သွား​ဖို့​၊​ ပြည်သူအတွက် အာမခံချက်ရှိတဲ့​ လုံခြုံမှုရရှိဖို့​၊​ ယုံကြည်မှု တည်​ဆောက်ဖို့​နဲ့​ လူ့​အခွင့်​အ​ရေး​ကို ကာကွယ် ​စောင့်​ရှောက်ဖို့​စတဲ့​ အချက် ၅ ချက်ကို အဓိကထား​ ​ဆွေး​နွေး​ဖို့​ ဒီမနက်မှာပဲ ​ကေအန်ယူက ​ကြေညာချက် ထုတ်ပြန်ထား​ပါတယ်။

ဒီအချက်​တွေကို ပြည်နယ်အဆင့်​အတွက် ဒီည​နေပိုင်း​မှာ​ဆွေး​နွေး​ပြီး​ ဧပြီ ၅ ရက်​နေ့​မှာ​တော့​ ဘား​အံမြို့​မှာရှိတဲ့​ ကရင်အဖွဲ့​အစည်း​ကို ​တွေ့​ဆုံ​ဆွေး​နွေး​မှာ ဖြစ်ပါတယ်။ ဧပြီ ၆ ရက်​နေ့​မှာ​တော့​ ရန်ကုန်မြို့​မှာ ပြည်​ထောင်စုအဆင့်​ ​ဆွေး​နွေး​ပွဲ ဆက်လက် ပြုလုပ်သွား​မှာပါ။

ဧပြီ ၄ ရက်​နေ့​က​နေ ၁၁ ရက်​နေ့​အထိ ဒီခရီး​စဉ်အတွင်း​ ငြိမ်း​ချမ်း​ရေး​ရရှိ​ရေး​ ကြိုး​ပမ်း​ဆောင်ရွက်ရာမှာ အလွှာအသီး​သီက လူထု​တွေ၊​ လူမှုအဖွဲ့​အစည်း​၊​ နိုင်ငံ ​ရေး​ပါတီ​တွေနဲ့​လည်း​ ​တွေ့​ဆုံသွား​မှာ ဖြစ်ပါတယ်။ ရန်ကုန်မှာ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်​ခေါင်း​ဆောင်​တွေနဲ့​လည်း​ ​တွေဆုံသွား​မှာ ဖြစ်တယ်လို့​ ​ကြေညာချက်မှာ ​ဖော်ပြထား​ပါတယ်။

ကေအန်ယူ ကိုယ်စား​လှယ်အဖွဲ့​ဟာ ပဲခူး​တိုင်း​ ​ကျောက်ကြီး​မြို့​နဲ့​ တနင်္သာရီတိုင်း​ ထား​ဝယ်မြို့​ကို သွား​ရောက်​လေ့​လာဖို့​ ရှိပြီး​ ဆက်ဆံ​ရေး​ရုံး​ဖွင့်​လှစ် ဖို့​ရှိ​ကြောင်း​လည်း​ ဆိုပါတယ်။

နှစ်​ပေါင်း​ ၆၀ ​ကျော်ကြာ လက်နက်စွဲကိုင်တိုက်ခိုက်ခဲ့​တဲ့​ ​ကေအန်ယူနဲ့​ အစိုး​ရ အကြား​ ဇန်နဝါရီလဆန်း​ပိုင်း​က ပထမအကြိမ် ​တွေ့​ဆုံရာမှာ အပစ်အခတ်ရပ်ထား​ဖို့​ နှစ်ဖက် ပဏာမသ​ဘော တူညီခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013