မြို့မအပျော်တမ်းတူရိယာအသင်းကြီး စတူဒီယိုဖွင့်ပွဲ မန္တလေးတွင် ကျင်းပ

  ၁၉၂၅ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ မန္တလေးမြို့က မြို့မအပျော်တမ်းတူရိယာအသင်းကြီး ကိုယ်ပိုင်စတူဒီယိုဖွင့်ပွဲကို မြို့မအသင်းတိုက်မှာ ဒီနေ့ မနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြို့မအသင်းက အတီးသမားတွေ၊ အဆိုသမားတွေ အရည်အချင်း တက်လာဖို့နဲ့ လေ့ကျင့်ဖို့အတွက် စတူဒီယိုတခုရှိဖို့ လိုအပ်နေတာကြာပြီဖြစ်ပေမယ့် ရုန်းကန်နေရတဲ့ အနေအထားကြောင့် ၂၀၁၆ ခုနှစ်မှာ အစည်းအဝေးတရပ်ပြုလုပ်ပြီး မြို့မစတူဒီယိုကို တည်ဆောက်ခဲ့တာလို့ အသင်းဥက္ကဋ္ဌဒေါက်တာလှခိုင်က ပြောပါတယ်။ အပြင်က လာရောက် အသံသွင်းမယ်ဆိုပါကလည်း တစ်ဂျူတီ ၄ သောင်းနှုန်းနဲ့ လက်ခံ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ရရှိလာတဲ့ ငွေကြေးတွေကိုတော့ ဘဏ်မှာအပ်ထားပြီး အသင်းအတွက် လိုအပ်မယ့်အရာတွေကို ဖြည့်ဆည်းသွားမယ်လို့ ဆိုပါတယ်။ မြို့မအပျော်တမ်း တူရိယာအသင်းကြီးက လက်ရှိအချိန်မှာတော့ ၉၂ နှစ်ရှိနေပြီဖြစ်ပါတယ်။

More News
Up