A d v e r t i s e m e n t With Us

စုန်းကဝေဟု စွပ်စွဲခံရသည့် အမျိုးသမီး ၅ ဦး ကြိုးဖြင့်တုပ် ကြိမ်ဒဏ်ပေးခံရ (ရုပ်သံ)

ဓာတ်ပုံ - Newslions
အိန္ဒိယနိုင်ငံ ကျေးရွာတရွာမှာ စုန်းကဝေလို့ စွပ်စွဲခံခဲ့ရတဲ့ အမျိုးသမီး ၅ ဦးကို ရွာသားတွေက သစ်ပင်မှာ ကြိုးနဲ့တုပ်ပြီး ချည်နှောင်ကာ ကြိမ်ဒဏ်အပြစ်ပေးခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်ဟာ နိုင်ငံအရှေ့မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးမှ မဒူပါရ် ဒေသတွင်းမှ ကျေးရွာတရွာမှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ နိုဝင်ဘာ ၇ ရက်နေ့က ဖော်ပြပါတယ်။ ခုခံစွမ်းမဲ့ အမျိုးသမီး ၅ ဦးကို တရွာလုံးက ရွာသူရွာသား တရာကျော်လောက်ရှေ့မှာ ခုလို ဆုံးဖြတ်အပြစ်ပေးတာဟာ ရိုင်းပြကြမ်းတမ်းပြီး သူတို့ကို စွပ်စွဲရတဲ့ အကြောင်းရင်း အသေးစိတ်ကိုလည်း မသိနိုင်ဘူးလို့ သတင်းက ဆိုပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အမျိုးသမီး ၅ ဦးကို ရွာအလယ် သစ်ပင်တပင်မှာ ကျောကပ်ထားစေပြီး ကြိုးနဲ့ ချည်နှောင်ထားခဲ့တာကို တွေ့ရပါတယ်။ အိန္ဒိယရိုးရာဝတ်စုံတွေကို ဝတ်ဆင်ထားခဲ့ကြတဲ့ စွပ်စွဲခံ အမျိုးသမီးတွေဟာ သူတို့ကိုစီရင်မယ့် ကံကြမ္မာအပြစ်ပေးမှုကို ခံယူဖို့ စောင့်နေခဲ့ကြပြီး နောက်မှာတော့ လူတွေက အုပ်စုဖွဲ့ တယောက်တလက် ရိုက်နှက်ခဲ့ကြတာပါ။ ရဲတွေဟာ ဒီအဖြစ်အပျက်ကို အမှုမဲ့ဖြစ်နေခဲ့ကြပြီး အမျိုးသမီးတဦးက ဒီကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းဖော်ထုတ်ပေးဖို့ တိုင်ကြားခဲ့ပြီးနောက်မှာမှ သတိထားမိခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း အမေဇုန်ဒေသတွင်းမှာ အသက် ၇၃ နှစ်အရွယ် အဖွားအိုတဦးဟာ စုန်းကဝေအဖြစ် စွပ်စွဲခံခဲ့ရပြီး အရှင်လတ်လတ် မီးရှို့အပြစ်ပေးခံခဲ့ရပါသေးတယ်။

A d v e r t i s e m e n t With Us

More News
Up