A d v e r t i s e m e n t With Us

အာဆီယံ လူထုအ​ခြေပြုအဖွဲ့​အစည်း​မှာ မြန်မာလူငယ်များ​ ပိုမိုပါဝင်ရန်လို

အာဆီယံ လူထုအ​ခြေပြုအဖွဲ့​အစည်း​ ညီလာခံနဲ့​ ​ဆွေး​နွေး​ပွဲ​တွေမှာ ပြည်တွင်း​က မြန်မာလူငယ်​တွေ ပိုမိုပူး​ပေါင်း​ပါဝင်ဖို့​ လိုအပ်တယ်လို့​ ​ဆွေး​နွေး​ပွဲကို တက်​ရောက်ခဲ့​တဲ့​ ပြည်တွင်း​က မြန်မာလူငယ်တဦး​ ​ပြောပါတယ်။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့​ အချိန်မှာ အာဆီယံ လူထုအ​ခြေပြုအဖွဲ့​အစည်း​ ညီလာခံနဲ့​ ​ဆွေး​နွေး​ပွဲ​တွေဟာ မဖြစ်မ​နေ ကျင်း​ပရမှာ ဖြစ်တဲ့​အတွက် လူထုကိုယ်စား​ပြုအသံ​တွေကို တင်ပြ​ဆွေး​နွေး​နိုင်ဖို့​ ပြည်တွင်း​က လူငယ်​တွေနဲ့​ လူထုအ​ခြေပြု အဖွဲ့​အစည်း​တွေက ရှာ​ဖွေထား​သင့်​တယ်လို့​ မြန်မာနိုင်ငံအ​ခြေစိုက် လူငယ်အ​ခြေပြု လူမှု​ပြောင်း​ လဲ​ရေး​ အဖွဲ့​က ​ပြောပါတယ်။ ဒီနှစ် အာဆီယံထိပ်သီး​အစည်း​အ​ဝေး​ပွဲကို အိမ်ရှင်အဖြစ်ကျင်း​ပ​နေတဲ့​ က​မ္ဘောဒီး​ယား​ နိုင်ငံမှာဖနွမ်ပင်မြို့​မှာ ကျင်း​ပတဲ့​ အာဆီယံ လူထုအ​ခြေပြု အဖွဲ့​အစည်း​တွေရဲ့​ ညီလာခံကို တက်​ရောက်ခဲ့​တဲ့​ လူငယ်အ​ခြေပြု လူမှု​ပြောင်း​လဲ​ရေး​အဖွဲ့​က မြန်မာလူငယ်တဦး​ဖြစ်သူ အမှု​ဆောင် ညွှန်ကြား​ရေး​မှူး​ နစ်ကီဒိုင်း​မွန်း​က သူ့​အမြင်ကို ​ပြောပါတယ်။ “အား​နည်း​ချက် ရှိတယ်ဆိုတာက အရင်တုန်း​က ကျ​နော်တို့​က isolated (သီး​ခြား​) ဖြစ်​နေတဲ့​အခါကျ​တော့​ ​ဒေသတွင်း​မှာရှိတဲ့​ လူထုအ​ခြေပြု အဖွဲ့​အစည်း​တွေနဲ့​ ကျ​နော်တို့​နဲ့​ ပူး​ပေါင်း​ ဆက်နွယ်မှု မရှိကြဘူး​။ အခုကျ​တော့​ တိုင်း​ပြည်က ​ပြောင်း​လဲလာတဲ့​အခါကျ​တော့​ ပြည်တွင်း​မှာရှိတဲ့​ လူထုအ​ခြေပြု အဖွဲ့​အစည်း​တွေကလည်း​ အာဆီယံ​ဒေသတွင်း​မှာ ရှိတဲ့​ လူထုအ​ခြေပြု အဖွဲ့​အစည်း​တွေနဲ့​ ပူး​ပေါင်း​ဆောင်ရွက်မှု​တွေ​ပေါ့​။ ကိုယ့်​နိုင်ငံမှာ ဖြစ်တဲ့​ပြ ဿနာ​တွေနဲ့​ သူတို့​နိုင်ငံမှာ ဖြစ်​နေတဲ့​ပြဿနာ​တွေက တခါတရံမှာ တူ​နေတာ​လေး​တွေ ရှိတဲ့​အခါ ကျ​တော့​ သူတို့​နိုင်ငံမှာ ဘယ်လို​တွေ လုပ်လို့​ရလဲ၊​ ကိုယ့်​နိုင်ငံမှာဆိုရင် ဘယ်လိုပြန်လုပ်လို့​ရလဲ ဆိုတဲ့​ သတင်း​အချက်အလက်​တွေ၊​ နည်း​လမ်း​တွေ ဖလှယ်လို့​ရတယ်ဗျ။” ဒီညီလာခံမှာ မြန်မာနိုင်ငံထဲက လူငယ် ၃၀ ​ကျော်​လောက်တက်​ရောက်ခဲ့​သလို အဲဒီ အထဲက ၁၀ ဦး​လောက်ဟာ အစိုး​ရနဲ့​ ဆက်နွယ်​နေတဲ့​ လူမှု​ရေး​ အဖွဲ့​အစည်း​ ကိုယ်စား​ပြု လာ​ရောက်ကြတာ ဖြစ်ပါတယ်။ ထိုင်း​အ​ခြေစိုက် မြန်မာ့​အ​ရေး​ ပူး​ပေါင်း​ဆောင်ရွက်သူများ​အဖွဲ့​က တင်သွင်း​မယ့်​ ၂၀၁၄ မှာ မြန်မာပြည်မှာ ကျင်း​ပမယ့်​ အာဆီယံ လူထုအ​ခြေပြု အဖွဲ့​အစည်း​ ညီလာခံရဲ့​ အလား​အလာနဲ့​ ပတ် သက်ပြီး​တော့​ ပါဝင် ​ဆွေး​နွေး​မှာကို ​တော့​ ညီလာခံကို ကြီး​ကြပ်သူ​တွေက ခွင်မပြုဘူး​လို့​ သိရပါ တယ်။ အာဆီယံ ထိပ်သီး​ဆွေး​နွေး​ပွဲ​တွေနဲ့​အတူ အပြိုင်ကျင်း​ပတဲ့​ အာဆီယံ လူထုအ​ခြေပြု အဖွဲ့​အစည်း​ ညီလာခံနဲ့​ ​ဆွေး​နွေး​ပွဲ​တွေမှာ ​ဒေသတွင်း​မှာ ဖြစ်ပွား​နေတဲ့​ သဘာဝပတ်ဝန်း​ကျင်ကိစ္စ၊​ ​ရွှေ့​ပြောင်း​ ​နေထိုင်သူများ​ရဲ့​ ပြဿနာ​ရေး​ရာ ကိစ္စရပ်​တွေနဲ့​ တခြား​ကိစ္စ​တွေကို ​ဆွေး​နွေး​ကြ တယ်လို့​လည်း​ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up