A d v e r t i s e m e n t With Us

မြန်မာ-ထိုင်းနယ်စပ် တရားဝင်ကုန်သွယ်မှုဖြစ်ရန် ဒုသမ္မတ တိုက်တွန်း

မြန်မာ-ထိုင်းနယ်စပ် တရားမ၀င် ကုန်သွယ်မှုတွေကို တရားဝင်ကုန်သွယ်မှုဖြစ် လာအောင် ဆောင်ရွက်ဖို့  ဒုတိယသမ္မတ ဦးမြင့်ဆွေက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။ နိုဝင်ဘာ ၇ ရက်က မြ၀တီကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ကုန်သည်လုပ်ငန်းရှင်တွေ၊ ကုန်သည်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ ဒုတိယသမ္မတက တရားမ၀င်ကုန်သွယ်မှုတွေကို အဆင့်ဆင့်ကြီးကြပ်ပြီး ထိထိရောက်ရောက်တားဆီးဖို့  သွင်းကုန်အစားထိုး အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးကူညီဆောင်ရွက်ဖို့လည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။ မြ၀တီကုန်သွယ်ရေးဇုန်ဟာ မြ၀တီမြို့နဲ့ ၆ ဒသမ ၅ မိုင်အကွာမှာရှိတဲ့ စံတုကုန်း ဒေသမှာ တည်ရှိပြီး ကုန်သွယ်ရေးဇုန်ကို ၂၀၀၈ ခုနှစ် စက်တင်ဘာ ၁ ရက်မှာ ကုန်သွယ်ရေး လုပ်ငန်းတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up