Home
မြန်မာသတင်း
ဒုတိယအကြိမ် e-Government ညီလာခံ ကျင်းပ
DVB
·
November 7, 2017
ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပတဲ့ ဒုတိယအကြိမ် e-Government ညီလာခံကို နေပြည်တော်မှာ ၂ ရက်ကြာ ကျင်းပပြုလုပ်နေပါတယ်။ နိုဝင်ဘာ ၇ နဲ့ ၈၊ နှစ်ရက်ပြုလုပ်မယ့် e-Government ညီလာခံကို အစိုးရဝန်ကြီးဌာနတွေ၊ ပြည်နယ်တိုင်းအစိုးရ တာဝန်ရှိသူတွေ တက်ရောက်နေကြပြီး ICT ပစ္စည်းပြပွဲလည်း ပါဝင်ပါတယ်။ နေပြည်တော်ကောင်စီနယ်မြေ  e-Government လုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းသူက e-Government လုပ်ငန်းအကောင်အထည်ဖော်မှု အခြေအနေတွေကို ဆွေးနွေးကြတယ်လို့ ပြောပါတယ်။ “e-Government လုပ်ငန်းစဉ် အကောင်အထည်ဖော်သွားဖို့အတွက်ကို မူဝါဒတွေ သတ်မှတ်ပေးတဲ့အပေါ်မှာ ဆောင်ရွက်နေတဲ့ လုပ်ငန်းအခြေအနေတွေနဲ့ ပတ်သက်ပြီး အနာဂတ်အတွက် ဆက်လက်ဆောင်ရွက်ဖို့ ဆွေးနွေးနေကြတာ တွေ့ရပါတယ်။ နောက် လက်တွေ့ကျင့်သုံးနေကြတဲ့ အခြေအနေမှာ တချို့ လွဲချော်နေတာအပေါ်မှာ ပြန်လည်သုံးသပ်ကြတာပေါ့။” e-Government လုပ်ငန်းစဉ် အကောင်အထည်ဖော်သွားဖို့အတွက် ဥပဒေ လုပ်ထုံးလုပ်နည်းတွေ လိုအပ်နေသေးပေမယ့် လက်တွေ့လုပ်ဆောင်နိုင်တာတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း ပြောပါတယ်။ ICT ပစ္စည်းပြပွဲမှာ ကုမ္ပဏီ ၂ ခုနဲ့ ဝန်ကြီးဌာန ၁၁ ခုက ပြခန်းတွေ ပါဝင်ပြသထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024