DVB Logo
Home
မြန်မာသတင်း
ဝင်​ငွေ​ကောင်း​ပြီး​ချမ်း​သာလွန်း​သူများ​ အခွန်တိုး​ပေး​ရ​တော့​မည်
DVB
·
April 4, 2012
ဝင်​ငွေ​ကောင်း​ပြီး​ချမ်း​သာလွန်း​သူများ​ အခွန်တိုး​ပေး​ရ​တော့​မည်
Donate to DVB

မြန်မာနိုင်ငံမှာ အခု ဘဏ္ဍာ​ရေး​နှစ်ကစပြီး​ တစ်ဦး​ချင်း​ ဝင်​ငွေ ၁လ ကျပ်​ငွေ ၁သိန်း​ ၂ ​သောင်း​ရှိ သူ​တွေ အခွန် စတင်​ဆောင်ရ​တော့​မှာ ဖြစ်ပါ တယ်။ ဒီသတ်မှတ်ချက်မှာ အစိုး​ရ၊​ ပုဂ္ဂလိက အား​လုံး​အကျုံး​ ဝင်တယ်တယ်လို့​ သတ်မှတ် ထား​ပါ တယ်။

[caption id="attachment_23727" align="alignright" width="263" caption="ဦး​​မောင်​သန်း​"][/caption]

အရင်က​တော့​ တဦး​ချင်း​ ၁ လ ကျပ် ၃ ​သောင်း​ အထက်ကို အခွန်​ဆောင်ဖို့​ သတ်မှတ် ထား​ရာက​နေ ဘဏ္ဍာ​ရေး​နဲ့​အခွန်ဝန်ကြီး​ဌာနက ပြီး​ခဲ့​တဲ့​သီတင်း​ပတ်က ​ပြောင်း​လဲ သတ်မှတ်ခဲ့​ တာပါ။

၁ ကျပ်က​နေ ၅ သိန်း​အထိ အခွန်ကို ၁ ရာခိုင်နှုန်း​ ဖြစ်ပြီး​ ၅ သိန်း​ ကွား​ခြား​သွား​တိုင်း​ ၁ ရာခိုင်နှုန်း​ အခွန်တိုး​ကောက်ခံသွား​မှာ ဖြစ်ပါတယ်။ ကျပ်သိန်း​ ၂၀၀ အထက်ကို​တော့​ ၂၀ ရာခိုင်နှုန်း​ ​ပေး​ဆောင်ရမှာ ဖြစ်ပါတယ်။

ဘဏ္ဍာ​ရေး​နဲ့​ငွေ​ကြေး​ဆိုင်ရာ နိုင်ငံ​တော်အကြံ​ပေး​အဖွဲ့​ဝင် ဦး​မော်သန်း​က “လုပ်ငန်း​အသီး​သီး​လုပ်​နေကြတဲ့​ စီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေ တ​ပြေး​ညီတည်း​ အခွန်ထမ်း​ဆောင် သင့်​တယ်။ ထူး​ကုမ္ပဏီတို့​(​တေဇတို့​) အများ​ကြီး​ရှိတယ်​လေ။ သူတို့​ကအခွန် ​ဆောင်သင့်​ သ​လောက် မ​ဆောင်​တော့​ဘူး​။ သူတို့​လည်း​ ​ဆောင်ရမှာ​ပေါ့​၊​ အဲဒါဆိုရင်ပို ​ကောင်း​မှာ..။”

စီး​ပွား​ရေး​လုပ်ငန်း​တွေကို ၁ ကျပ်မှ ၅ သိန်း​အထိ ၂ ရာခိုင်နှုန်း​၊​ ၅ သိန်း​ တိုး​သွား​တိုင်း​ ၂ ရာခိုင်နှုန်း​ တိုး​သွား​မှာ ဖြစ်ပါတယ်။ သိန်း​ ၃၀၀ နဲ့​အထက်က​တော့​ ၃၀ ရာခိုင်နှုန်း​ ဖြစ်ပါတယ်။ အိမ်ခြံ​မြေ ​ရောင်း​ဝယ်ခြင်း​ လုပ်ငန်း​မျိုး​ကို​တော့​ တလ ကျပ် ၁၂ သိန်း​ဝင်ရင် အခွန် စ​ပေး​ရမှာ ဖြစ်ပါတယ်။

ဦး​မော်သန်း​က “မြန်မာနိုင်ငံမှာပြဿနာက အစိုး​ရကလည်း​ ရသင့်​ရထိုက်တဲ့​ အခွန်ကိုမရဘူး​။ ကုန်သည်များ​အတွက်လည်း​ အခွန်​ဆောင်ရတာ မတရား​ဖိစီး​တယ်။ မရတာကလည်း​ ​ကောက်တဲ့​အခွန်က မျှမျှတတ ​ကောက်ရင်​ပေး​တဲ့​ သူကလည်း​ ​ပေး​ချင်တာ​ပေါ့​။ မတရား​ ​ကောက်တဲ့​အခါကြ​တော့​ အခွန်​ရှောင်တိမ်း​တာ​တွေ ဖြစ်တာ​ပေါ့​။ ဦး​ပိုင်ကို အခု​ကောက်​တော့​မယ်။ ဒါကလည်း​ ဆရာတို့​လက်မှတ်ရ စာရင်း​ကိုင်များ​အသင်း​က ဆိုတာထက် ပုဂ္ဂလိက စီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေက ​အော်တာ​ပေါ့​။ ဦး​ပိုင်ကြ​တော့​ အခွန်မ​ကောက်ဘူး​။ ကျွန်​တော်တို့​ကျ ​တော့​ အခွန်​ကောက်တယ်။ အရင်တုန်း​ကလည်း​ အစိုး​ရဝန်ထမ်း​တွေအတွက် အခွန်မရှိဘူး​။ အပြင်လူ​တွေကြ​တော့​ အခွန်​ကောက်တယ်။ အဲ့​ဒါ​တွေလည်း​ အခုကြ​တော့​ တ​ပြေး​ညီ​ပေါ့​။ သူတို့​က​တော့​ လက်သိပ်ထိုး​ပြီး​ နည်း​နည်း​ညှာချင် ညှာမှာ​ပေါ့​လေ။ မျှမျှတတ မရှိ​တော့​ လူထုရဲ့​ ယုံကြည်မှုလည်း​ မရှိဘူး​လေ။ ဘာပဲဖြစ်ဖြစ် မျှမျှတတ​ပေါ့​။”

အခွန်နှုန်း​ထား​ပြောင်း​လဲ သတ်မှတ်လိုက်တဲ့​အ​ပေါ် လုပ်ငန်း​ရှင်​တွေနဲ့​ ဝင်​ငွေနည်း​ ဝန်ထမ်း​တွေက ကြိုဆိုကြပါတယ်။ အခွန်ကို ထမ်း​ဆောင်တဲ့​ ​နေရာမှာ မျှမျှတတနဲ့​ လူတန်း​စား​မ​ရွေး​ ​ပေး​ဆောင်ရမည်ဆိုရင် သူတို့​အ​နေနဲ့​ ​ပေး​သင့်​ပေး​ထိုက်တဲ့​ အခွန်ဖြစ်တယ်လို့​ စီး​ပွား​ရေး​ လုပ်ငန်း​ရှင်တဦး​က ​ပြောပါတယ်။

“လုပ်ငန်း​အသီး​သီး​လုပ်​နေကြတဲ့​ စီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေ တ​ပြေး​ညီတည်း​ အခွန်ထမ်း​ ​ဆောင် သင့်​တယ် လုပ်ငန်း​ရှင်ကြီး​တွေ အများ​ကြီး​ရှိတယ်​လေ။ သူတို့​က အခွန်​ဆောင် သင့်​သ ​လောက် မ​ဆောင်​တော့​ဘူး​။ သူတို့​လည်း​ ​ဆောင်ရမှာ​ပေါ့​။ အဲဒါဆိုရင်ပို​ကောင်း​မှာ။”

မြန်မာပြည်ဟာ ပြည်သူ​တွေရဲ့​ အခွန်​ငွေက ရရှိတဲ့​ငွေ နည်း​ပါး​တဲ့​ နိုင်ငံဖြစ်ပါတယ်။ ပြည်သူ ​တွေကို အခွန်​ဆောင်ဖို့​ ပညာ​ပေး​မူ​တွေ လုပ်ဖို့​လိုသလို အခွန်​ပေး​ ​ဆောင် မူ​တွေကို မှန်မှန် ကန်ကန် ကြီး​ကြပ်စစ်​ဆေး​ဖို့​။ လုပ်ငန်း​ရှင်​တွေ အား​လုံး​ကို ဘက်မလိုက်ဘဲ မျှမျှတတ အခွန်​ဆောင် ​စေဖို့​ကိုလည်း​ လုပ်​ဆောင်ဖို့​ လိုအပ်​နေပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013