A d v e r t i s e m e n t With Us

အရေးပေါ်ခန်းတွင်းမှ လူငယ်အုပ်စု ၂ စုကြား ထိတ်လန့်ဖွယ် သေနတ်ပစ်ဖောက်ရန်ပွဲ (ရုပ်သံ)

ထိုင်းနိုင်ငံမှ ဆေးရုံအရေးပေါ်ခန်းတခုတွင်းမှာ ဆယ်ကျော်သက် လူငယ်အုပ်စု ၂ စုကြား ထိတ်လန့်ဖွယ် ရန်ပွဲတခု ဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဆမွတ်ဆခွန်ခရိုင်တွင်း ဆေးရုံတရုံမှာ နိုဝင်ဘာ ၅ ရက် ညပိုင်း ၁၀ နာရီခွဲလောက်က ဖြစ်ခဲ့တာလို့ သည်နေးရှင်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အရေးပေါ်ဌာနဆီရောက်လာတဲ့ ထိခိုက်ဒဏ်ရာ ရရှိထားတဲ့ သူငယ်ချင်းဖြစ်သူနောက်ကို လိုက်လာတဲ့ လူငယ်သုံးလေးယောက်ပါအုပ်စုကို နောက်ကလိုက်လာတဲ့ လူငယ်အုပ်စုက တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ရဲတွေကို ပြောပါတယ်။ နောက်ကလိုက်လာတဲ့ အုပ်စုမှာတော့ လူငယ် ၁၀ ယောက်လောက်ပါဝင်ပြီး သူတို့ထဲမှ တဦးက ထိခိုက်ဒဏ်ရာရထားတဲ့ လူငယ်ကို ဘေ့စ်ဘောတုတ်နဲ့ စတင်ရိုက်နှက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် အုပ်စု ၂ စုကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြအပြီးမှာ ဒုတိယအုပ်စုထဲမှ လူငယ်တဦးက သေနတ်ကို မိုးပေါ်ထောင် ပစ်ဖောက်လိုက်တာပါ။ အဲဒီနောက်တော့ သူတို့ဟာ ပစ်ကပ်ထရပ်ကားတစီးနဲ့ မော်တော်ဆိုင်ကယ်တွေနဲ့အတူ ထွက်ပြေးသွားခဲ့ကြတာ ဖြစ်ပါတယ်။ ရဲတွေ ရောက်ရှိလာချိန်မှာတော့ အခင်းဖြစ်တဲ့ နေရာမှာ 9 mm သေနတ်ကျည်ဆန်ခွံ ၁၂ ခုကို တွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်ဟာ ဆေးရုံတာဝန်ကျ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ လူနာတွေကို သွေးပျက်ထိတ်လန့်သွားစေခဲ့ပြီး ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ သတင်းမှာ မဖော်ပြထားပါဘူး။

A d v e r t i s e m e n t With Us

More News
Up