Home
သတင်းဓာတ်ပုံ
ဆိုင်ကယ်ခိုးယူမှု ပိုများလာနေတဲ့ ဆိုင်ကယ်မြို့တော် (ဓာတ်ပုံ)
DVB
·
November 7, 2017
23244170_1344795292315384_3316802943448496124_n
23231565_1344795278982052_8914480532208073671_n
23231196_1344795435648703_344249218941697259_n
23172804_1344795205648726_1530058510598718428_n
  မန္တလေးမြို့မှာ ဘတ်စ်ကားစနစ် မတွင်ကျယ်တာကြောင့်နေ့စဉ်သွားလာနေရတဲ့ ခရီးစဉ်တွေမှာ ဆိုင်ကယ်က မရှိမဖြစ်ယာဉ်တမျိုးဖြစ်နေပါတယ်။ ဆိုင်ကယ်ကလည်း သိန်းချီရှိနေပြီး နေ့စဉ်နီးပါး ဆိုယ်ကယ်သူခိုးတွေကြောင့် ပျောက်ဆုံးမူတွေ ဆက်တိုက်ဖြစ်နေပါတယ်။ တန်ဖိုးကြီး ဆိုင်ကယ်တွေကိုလည်း အုပ်စုဖွဲ့ အနိုင်ကျင့်လုယက်မူမျိုးတွေ ကျူးလွန်လာနေပါတယ်။ ညပိုင်းနဲ့ လူအသွားအလာရှင်းတဲ့နေရာမျိုးတွေမှာ လုယက်မှုတွေ ကျူးလွန်နေကြပြီး ဆိုင်ကယ်ပျောက်ဆုံးမူတွေကတော့ နေအိမ်ခြံဝန်းထဲမှာထားတဲ့ ဆိုင်ကယ်တွေ၊ စားသောက်ဆိုင်တွေရှေ့ရပ်ထားတဲ့ ဆိုင်ကယ်တွေနဲ့ အပန်းဖြေနားနေတဲ့နေရာတွေမှာ ပျောက်ဆုံးကြတာဖြစ်ပါတယ်။ ဆိုင်ကယ်သူခိုးတွေ မိနေပေမယ့်လည်း ပျောက်တဲ့အရေအတွက်နဲ့ ပြန်မိတာ မမျှဘူးဖြစ်နေတယ်လို့ မြို့ခံတွေက ဝေဖန်မူတွေလည်းရှိနေပါတယ်။ ဖမ်းမိတဲ့သူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်မျိုးတွေ ထားရှိဖို့ ဥပဒေပြင်ဆင်သင့်ကြောင်းလည်း ပြောဆိုနေကြပါတယ်။ အိမ်ခိုင်မြဲ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024