A d v e r t i s e m e n t With Us

အန်အယ်လ်ဒီပါတီ ၄၃ ​နေရာအနိုင်ရဟု ​ကော်မရှင်အတည်ပြု​ကြေညာ

photo-reuters
ဧပြီ ၁ ရက် ကြား​ဖြတ်​ရွေး​ကောက်ပွဲယှဉ်ပြိုင်တဲ့​ လစ်လပ်မဲဆန္ဒနယ် ၄၅ ​နေရာအနက် အန်အယ်လ်ဒီပါတီက ၄၃ ​နေရာ၊​ ကြံ့​ခိုင်​ရေး​ပါတီက ၁ ​ [caption id="attachment_23720" align="alignleft" width="300" caption="photo-reuters"][/caption] နေရာနဲ့​ ကျား​ဖြူပါတီက ၁ ​နေရာ အနိုင်ရတယ်လို့​ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ ​ကော်မရှင်က ​နောက်ဆုံး​ရလဒ်ကို အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။ ​ကြေညာဖို့​ကျန်ရှိတဲ့​ မဲဆန္ဒနယ် ၅ ​နေရာရဲ့​ ရလဒ်​တွေကို နိုင်ငံပိုင် မီဒီယာ​တွေက​နေ ​ကော်မရှင်က မ​နေ့​က အတည်ပြု​ကြေညာရာမှာ အန်အယ်လ်ဒီပါတီက ၃ ​နေရာနိုင်ပြီး​ ကြံ့​ခိုင်​ရေး​ပါတီနဲ့​ ကျား​ဖြူပါတီတို့​က ၁ ​နေရာ စီ အနိုင်ရတယ်လို့​ ​ကြေညာခဲ့​တာပါ။ စစ်ကိုင်း​တိုင်း​ မင်း​ကင်း​မြို့​နယ် ပြည်သူ့​လွှတ်​တော် မဲဆန္ဒနယ်မှာ အန်အယ်လ်ဒီပါတီက ကိုယ်စား​လှယ်​လောင်း​ ​ဒေါ်ခင်​မွှေး​လွင်က အနိုင်ရပြီး​ တနင်္သာရီတိုင်း​ ကျွန်း​စုမြို့​နယ် ပြည်သူ့​လွှတ်​တော် မဲဆန္ဒနယ်မှာ ​ဒေါ်တင်တင်ရီက နိုင်ပါတယ်။ စစ်ကိုင်း​တိုင်း​ အမှတ် ၃ အမျိုး​သား​လွှတ်​တော် မဲဆန္ဒနယ်မှာ အန်အယ်လ်ဒီက ​ဒေါက်တာမြင့်​နိုင် အနိုင်ရပါတယ်။ စစ်ကိုင်း​တိုင်း​ အမှတ် ၇ အမျိုး​သား​လွှတ်​တော် မဲဆန္ဒနယ်မှာ ကြံ့​ခိုင်​ရေး​ပါတီက ဦး​တင်မြက ကျား​ဖြူပါတီက ဦး​မာကျင်နဲ့​ အကြိတ်အနယ် ယှဉ်ပြိုင်ပြီး​ အနိုင်ရသွား​ပါတယ်။ ဒီနယ်မှာ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်က ကိုယ်စား​လှယ်​လောင်း​ ဦး​စောလှိုင်ကို ​ကော်မရှင်က ပယ်ဖျက်ခံထား​ရလို့​ ဝင်ပြိုင်ခွင့်​ မရရှိပါဘူး​။ ရှမ်း​ပြည်နယ် အမှတ် ၃ မဲဆန္ဒနယ်မှာ​တော့​ အမျိုး​သား​ လွှတ်​တော် ​နေရာအတွက် ကျား​ဖြူပါတီက ဦး​စိုင်း​စံမင်း​က အန်အယ်လ်ဒီပါတီ အမတ်​လောင်း​ ဦး​စိုင်း​မြင့်​မောင်ကို အနိုင်ရရှိသွား​ပါတယ်။ ​နောက်ဆုံး​ရလဒ်အ​နေနဲ့​ လက်ရှိအာဏာရ ကြံ့​ခိုင်​ရေး​ပါတီက ၄၅ ​နေရာစလုံး​မှာ ဝင်ပြိုင်ရာမှာ ၁ ​နေရာအနိုင်ရပြီး​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ၄၄ ​နေရာ ယှဉ်ပြိုင်ရာမှာ ပါတီဥက္ကဌ ​ဒေါ်​အောင်ဆန်း​စုကြည် အပါအဝင် ၄၃ ​နေရာမှာ အနိုင်ရခဲ့​တာပါ။

A d v e r t i s e m e n t With Us

More News
Up