Home
မြန်မာသတင်း
ရခိုင်တွင် အကြမ်းဖက်သမား ၂၀၀၀ ကျော် ဖော်ထုတ်နိုင်၊ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး
DVB
·
November 7, 2017
23167908_1504908056296721_7779678130791124843_n
  ရခိုင်ပြည်နယ်မှာ အကြမ်းဖက်ဘင်္ဂါလီ ၂၀၀၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့ပြီး ဖော်ထုတ်ရရှိသူတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်ထွက်ပြေးသွားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  အင်ဒိုနီးရှားနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ပြောလိုက်ပါတယ်။ ထိုင်းနိုင်ငံက  ကာကွယ်ရေးနဲ့  လုံခြုံရေးဆိုင်ရာပြပွဲ (Defence & Security 2017) ကို  တက်ရောက်နေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ  အင်ဒိုနီးရှားနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Gatot Nurmantyo နဲ့ နိုဝင်ဘာ ၆ ရက်က တွေ့ဆုံတုန်း ပြောခဲ့တာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အခုလို ဖြစ်ရပ်မှန်များ ရှင်းလင်းပြောကြားပေးတဲ့အတွက် ကျေးဇူးတင်ရှိပြီး  အင်ဒိုနီးရှားပြည်သူတွေကိုလည်း ပြန်လည်ရှင်းလင်းပြောကြားမယ်၊ အကြမ်းဖက် တိုက်ခိုက်မှုရန်က ကာကွယ်ရေးဟာ  ကမ္ဘာပေါ်မှာရှိတဲ့ တပ်မတော် သားတိုင်းရဲ့ တာဝန်ဖြစ်ပြီး လူမျိုးရေးမခွဲခြားဘဲ တပ်မတော်က ကူညီစောင့်ရှောက်ပေးနေမှုတွေကို ကျေးဇူးတင်ရှိတယ်။ အဲ့ဒီလိုဆောင်ရွက်နေမှုတွေကို ကမ္ဘာကသိရှိအောင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သင့်တယ်လို့ ပြန်လည် ဆွေးနွေးပြောကြားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024